၃၁ အောက်တိုဘာ ၂၀၂၄ - ၀၅:၁၆
အီရန် မာဇင်ဒရာန် ပြည်နယ် ၏ အမျိုးသမီးများသည် ဂါဇာ နှင့် လက်ဘနွန်ပြည်သူများအား ရွှေထည် ၃၀ လှူဒါန်း

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ မာဇင်ဒရာန်ပြည်နယ် အုပ်ချုပ်ရေးမှူး သည် ဂါဇာနှင့် လက်ဘနွန်ရှိ အဖိနှိပ်ခံပြည်သူများအား ကူညီရန်အတွက် မိမိ ပြည်နယ်ရှိ အမျိုးသမီးများမှ ရွှေထည် ၃၀ လှူဒါန်းခဲ့ ကြောင်း ကြေညာခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အောက်တိုဘာလ ၃၀ ရက်နေ့ ၂၀၂၄ ခုနှစ် တွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ  မာဇင်ဒရာန်ပြည်နယ် အုပ်ချုပ်ရေးမှူး ယူစွဖ် နူရီ သည် ဂါဇာနှင့် လက်ဘနွန်ရှိ အဖိနှိပ်ခံပြည်သူများအား ကူညီရန်အတွက် မိမိ ပြည်နယ်ရှိ အမျိုးသမီးများမှ ရွှေထည်  ၃၀ လှူဒါန်းခဲ့ ကြောင်း  ပြောကြားခဲ့ပါတယ်။

ရွှေထည်  ၃၀ သည် ရွှေဆွဲကြိုး၊ ရွှေလက်ကောက် ၊ရွှေလက်စွပ် စသည် ဖြင့် ဖြစ်ကြောင်း သိရပါတယ်။

မာဇင်ဒရာန်ပြည်နယ် အုပ်ချုပ်ရေးမှူး ယူစွဖ် နူရီ သည် ဂါဇာနှင့် လက်ဘနွန်ရှိ အဖိနှိပ်ခံပြည်သူများအား ကူညီရန်အတွက် မိမိ ပြည်နယ်ရှိ အမျိုးသမီးများမှ ရွှေဆွဲကြိုး(အသေး) သုံးကုံး ၊ ရွှေလည်ဆွဲ တစ်ကုံး နှင့် ရွှေနားကပ်လေးရံ စသည်ဖြင့် စုစုပေါင်း ရွှေထည်  ၃၀ အား လခြမ်းနီ အဖွဲ့အား ပေးအပ် လှူဒါန်း ခဲ့ကြောင်း ဆက်လက် ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်နှင့် လက်ဘနွန်ပြည်သူများအား ကူညီရန်အတွက် အလှူငွေများ ကောက်ခံရန်အတွက် မာဇင်ဒရာန် ပြည်နယ် တွင် လခြမ်းနီ အခြေစိုက်စခန်း ၂၉၁ ခုကို ထူထောင်ထားကြောင်း သိရှိရပါတယ်။

.........................................................................

END / 251