အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ သတင်း အထောက်အထားများ အရ မကြာသေးမီက ဖြစ်ပွားခဲ့သော ဇီယွန်အစိုးရ၏ ရန်စမှုတွင် ကျဆုံးသွားသော စစ်သားများ၏ မိသားစုများနှင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ တွေ့ဆုံခဲ့ရ ပါတယ်။
ဤတွေ့ဆုံမှုတွင် ဇီယွန်ဝါဒီအစိုးရသည် အစ္စလာမ်၏ အဆိုးဆုံးရန်သူဖြစ်ပြီး မိမိ ချစ်ခင်ရသူများ၏ အာဇာနည် များ သည် ဇီယွန်ဝါဒီ အစိုးရ နှင့် တိုက်ရိုက်ယှဉ်ပြိုင်ရာတွင် အလွန်တန်ဖိုးရှိပြီး အရေးကြီးကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ မိန့်ကြား ခဲ့ပါ တယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၎င်းရှဟီးဒ်တော် များ (အာဇာနည်များ ) ၏ အဆင့် အတန်း မြင့်မား ကြောင်း မိန့်ကြားပြီး အာဇာနည်များ အားလုံး သည် သခင်ဘုရား၏ရှေ့တော်၌ ထူးကဲသော အဆင့်အတန်းရှိကြပြီး မြင့်မြတ်သော ကောင်းချီး မင်္ဂလာများ ခံစားရကြ ကြောင်း အစ္စလာမ်၏ အဆိုးဆုံးရန်သူဖြစ်သည့် ဇီယွန်ဝါဒီအစိုးရ နှင့် တိုက်ရိုက်ပြိုင်ဆိုင်မှုတွင် တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်ရေးတွင် ဤချစ်လှစွာသော အာဇာနည်များ၏ ရှဟာဒသ် သည် ထင်ရှားပြီး အရေးပါကြောင်း မိန့်ကြားခဲ့ပါတယ်။
မှတ်သားစရာ အချက်မှာ နယ်ချဲ့ အစ္စရေး နှင့် အမေရိကန် တို့ တိုက်ခိုက်မည် ကို ကြောက်၍ နိုင်ငံပြောင်း သွားသည့် အီရန် နိုင်ငံသား တစ်ဦး တစ်ယောက် မျှမရှိဘဲ အီရန် ၏ ပြန်လည် တိုက်ခိုက်မှု ကို ကြောက်၍ နိုင်ငံ ပြောင်း သွားသည့် အစ္စရေး နိုင်ငံသား သိန်း နှင့် ချီ ၍ ရှိနေပြီး ဖြစ်ပါတယ်။
.......................................................
END / 251