အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher News Agency ၏ အစီရင်ခံစာအရ အစ္စလာမ်တော်လှန်ရေးအစောင့်တပ်၏ လက်ထောက်တပ်မှူး ဗိုလ်မှူးချုပ် အလီဖဒ်ဝီ က တီဟီရန်မြို့ရှိ Sharif University of Technology မှ ကျောင်းသားများ၏ ကမ္ဘာလုံးဆိုင်ရာ အာဏာရှင်ဝါဒ ၊နယ်ချဲ့ ဝါဒ တော်လှန်ရေး အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ဇီယွန်နစ် အစိုးရက အီရန်၏ အချုပ်အခြာအာဏာ နှင့် လုံခြုံရေးကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခဲ့သည့် အတွက် အီရန် ဘက်မှ ဤနယ်ချဲ့ အစိုးရအား လက်တုံ့ပြန်မည်မှာ သေချာသည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
တိုက်ခိုက်မှုအသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမပြုဘဲ ဇီယွန်ဝါဒီအစိုးရကို ဆန့်ကျင်သည့် "ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ၃ " (ခ) "စစ်မှန်သည့် ကတိကဝတ် စစ်ဆင်ရေး ၃ " ကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် အလီဖဒ်ဝီ ကပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အီရန်သည် အဖိနှိပ်ခံများကို ခုခံကာကွယ်ပြီး ၄၅ နှစ်ကြာ တိုက်ထုတ်ခဲ့ပြီး ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ပြီးနောက် IRGC အကြီးတန်းတပ်မှူးက ဂါဇာစစ်ပွဲ၏ အဓိကအချက်မှာ မိမိတို့သည် ၇၆ နှစ်ကြာ လိမ်ညာခံခဲ့ရကြောင်း ကမ္ဘာက သိရှိနားလည်သွားပြီး ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
အမှန်တရားကို ဖော်ထုတ်ပြီးနောက်၊ ဖိနှိပ်သော ဇီယွန်ဝါဒီအစိုးရကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများ သည် ကမ္ဘာ့နိုင်ငံများ၏ ၉၁ ရာခိုင်နှုန်းတွင် ဖြစ်ပွားခဲ့ပါတယ်။
ဇီယွန်ဝါဒီအစိုးရသည် ပါလက်စတိုင်းပြည်ကို သိမ်းပိုက်ပြီး လူများကို နေအိမ်များမှ နှင်ထုတ်ကာ လူများ၊ အမျိုးသမီးများ နှင့် ကလေးငယ်များကို သတ်ဖြတ်ခဲ့ကြောင်း ကမ္ဘာသူ၊ကမ္ဘာသားများက နားလည်ခဲ့ကြပြီး ဖြစ်ပါ တယ်။
.......................................................
END / 251