အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နမာဇ်ဇေဂျူမ်အဟ် အား ဦးဆောင်သူ ဝတ်ပြုပေးသူအား ပေ့ရှ် အေမာမ် အား အေမာမ်မေဂျူမ်အဟ် ဟုခေါ်ဆို ပါတယ်။ သို့သော် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဟမ္မဒ်ဆဒ်ရ် အနေဖြင့် နမာဇ်ဇေ ဂျူမ်အဟ် အား ဦးဆောင်သူ ဝတ်ပြုပေးသူအား ဆိုသည်မှာ သူ၏ အမိန့်ဖြင့် နမာဇ်ဇေ ဂျူမ်အအ် ဝါဂျစ်ဗ် ဖြစ်ကြောင်း ဆိုထား ပါတယ်။
နမာဇ်ဇေဂျူမ်အဟ် အား ဦးဆောင်သူ ပေ့ရှ် အေမာမ် ၏ စည်းမျဉ်းစည်းကမ်းများသည် နမာဇ်ဇေ ဂျမာအသ် အား ဦးဆောင်သူ ပေ့ရှ် အေမာမ် ၏ စည်းမျဉ်းစည်းကမ်းများ အတိုင်း ဖြစ်ပါတယ်။ ဖေက်အီ အရင်းအမြစ်များ အရ အာကဲလ် (အသိဉာဏ် ရှိသူဖြစ်ရမည်။တစ်နည်းအားဖြင့် ရှုးသွပ်သူမဖြစ်ရ။) အရွယ် ရောက်ပြီးသူ ဖြစ်ရမည်။ အီမာန် ရှင်ဖြစ်ရမည်။အာဒေလ် ( ဂိုနဟ်များပေါ်ပေါ်ထင်ထင်လူရှေ့သူရှေ့ပြုသူမဖြစ်ရ။) ဟလာလ်ဇါဒဟ် ဖြစ်ရပါမည်။ အမျိုးသား ဖြစ်ရပါမည်။ ယုတ်စွ အမျိုးသမီးများ၏ နမာဇ်ဇေဂျူမ်အဟ်ရှေ့ဆောင် ပေ့ရှ်အေမာမ် သည် အမျိုးသမီး ဖြစ်လျင်လည်း မမှန်ချေ။
ဓမ္မသတ်ပညာရှင် (မွဂျ်သဟစ်ဒ်များ) ၏ ဖသ်ဝါ အရ ဂျူမ်အဟ်နမာဇ် ရှေ့ဆောင်သူသည် ပြတ်ပြတ် သားသား ထက်ထက်မြက်မြက် ဖြင့် ဟောပြောခြင်း ၊နမာဇ် အချိန်များကို တိကျလိုက်နာခြင်း ၊မိမိဟောသည့် တရားအပေါ် လက်တွေ့လည်း ကျင့်ဆောင်ခြင်း ၊ ခွသ်ဗာဖတ်ချိန် ခေါင်းတွင်အမာမဟ် ပေါင်းထားခြင်း ၊ ခွသ်ဗဟ် ဖတ်ချိန် လက်တွင် တောင်ဝှေ့ (လက်ကိုင်တုတ်) သို့မဟုတ် လက်နက် (ဓားရှည်၊သေနတ် ) ကိုင်ထားခြင်း နမာဇ် ဝတ်ပြုမည်သူများဘက်သို့ မျက်နှာ မူထားခြင်း တို့သည် မွတ်စ်သဟဗ် ဖြစ်ပါတယ်။
အေမာမ် ခိုမေနီ (ရ.ဟ) ၏ အဆိုအရ အစ္စလာမ်အစိုးရ အုပ်ချုပ်သည့်နေရာတွင် နမာဇ်ဇေဂျူမ်အဟ် အား ဦးဆောင်သူ ဝတ်ပြုပေးသူအား ပေ့ရှ် အေမာမ် တာဝန် အား ဝလီယေဖကီဟ် ၏ ခွင့်ပြုချက်မရှိဘဲ ရှေ့ဆောင် ပိုင်ခွင့် မရှိချေ။ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ တွင် « ရှူရာယေ စေယာစသ် ဂိုဇာ ရီ အအေမေဟ် ဂျူမ်အဟ် »အဖွဲ့ မှ ဂျူမ်အဟ် နမာဇ် နှင့်ပတ်သက်သည့် ကိစ္စများ ကို ဆောင်ရွက်ကြပါတယ်။ ဤအဖွဲ့၏ အဖွဲ့ဝင်များ သည် ဝလီယေဖကီဟ် ၏ အမိန့် ဖြင့် ပါဝင်ရသူများ ဖြစ်ကြပါတယ်။
ကိုးကားထားသည့် ကျမ်းကိုးများ
၁ ။ صدر، ماوراء الفقه، ۱۴۲۰ق، ج۱، ص۴۵۰
၂။ امام خمینی، تحریرالوسیله، ۱۳۹۲ش، ج۱، ص۲۵۱
၃။ نجفی، جواهرالکلام، ۱۳۶۲ش، ج۱۳، ص۳۲۳
၄။ نجفی، جواهرالکلام، ۱۳۶۲ش، ج۱۳، ص۳۲۵
၅။ نجفی، جواهرالکلام، ۱۳۶۲ش، ج۱۳، ص۷۵
၆။ نجفی، جواهرالکلام، ۱۳۶۲ش، ج۱۳، ص۳۲۴
၇။ نجفی، جواهر الکلام، ۱۴۰۴ق، ج۱۱، ص۳۲۹
၈။ امام خمینی، تحریرالوسیله، ۱۳۹۲ش، ج۱، ص۲۴۷
၉။ امام خمینی، استفتائات، ۱۳۷۲ش، ج۱، ص۲۶۸
၁၀။ رحمانستایس، «جمعه»، ص۷۰۲
.......................................................
END / 251