၈ နိုဝင်ဘာ ၂၀၂၄ - ၀၅:၃၀
ဗြိတိန် နိုင်ငံ တွင် ကျမ်းတော်မြတ် ကုရ်အာန် အာဂုံဆောင် ခြင်း ကေရာအသ် ပြုခြင်း ပြိုင်ပွဲ ပြီးဆုံး

ယူကေ (ခ) ဗြိတိန် နိုင်ငံ ရှိ "ဟဘီးပိုရ်ရဟ်မာန်" ကျမ်းတော်မြတ် ကုရ်အာန် အာဂုံဆောင် ခြင်း ကေရာအသ် ပြုခြင်း ပြိုင်ပွဲ အနိုင်ရရှိသူများအား ဆုများကို ခွဲဝေပေးမည်ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Ekna News  နှင့် အလ်ယောင်မွန်စ်စာဗေအ် သတင်းဌာ န ၏အဆိုအရ ""ဟဘီးပိုရ်ရဟ်မာန်" ကျမ်းတော်မြတ် ကုရ်အာန် အာဂုံဆောင် ခြင်း ကေရာအသ် ပြုခြင်း ပြိုင်ပွဲ အင်္ဂလန်နိုင်ငံ ဘာသလီ တွင် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ အွန်လိုင်း နှင့် ရုပ်ပိုင်းဆိုင်ရာအရ (လူကိုယ်တိုင်တက်‌ရောက်ခြင်းဖြင့်) ကျင်းပခဲ့ပါတယ်။

ဤပြိုင်ပွဲများတွင် အပိုင်းသုံးပိုင်းပါဝင်တယ်။ အာဂုံရွတ်ဆိုခြင်း၊ ကေရာအသ် ပြုခြင်း နှင့် ကေရာအသ် ခုနစ်မျိုး ပြုခြင်း ပါဝင်ပါတယ်။အာဂုံဆောင်ခြင်းအပိုင်းကို တစ်ဂျွဇ် မှ ငါးဂျွဇ် ၊ တစ်ဂျွဇ် မှ ဆယ် ဂျွဇ် ၊ တစ်ဂျွဇ် မှ ဂျွဇ် နှစ်ဆယ် နှင့် ကုရ်အာန် တစ်အုပ်လုံး အာဂုံဆောင်ခြင်း ဆိုပြီး  အဆင့်များ ခွဲခြားထားပါတယ်။

ကုရ်အာန် တစ်အုပ်လုံး အာဂုံဆောင်ခြင်း တွင် ဗြိတိန် နိုင်ငံသား အေလ်ယားစ်မွတ်လာ မှ ပထမ ဆု ရရှိခဲ့ပါတယ်။ ကေရာအသ် ခုနစ်မျိုး ပြုခြင်း တွင် နိုင်ဂျီးရီးယားမှ အသက် ၁၇ နှစ်အရွယ် ဘုခါရီ စနူစီ က ပထမ ၊ အယ်လ် ဂျီးရီးယားမှ အဗ်ဒိုရ်ရဟ်မာန် က ဒုတိယ နှင့် ယူအေအီ မှ အဗ်ဒိုရ်ရရှီးဒ် က တတိယရဆို အသီးသီး ရရှိခဲ့ ပါတယ်။

ကေရာအသ် ပြုခြင်း အပိုင်းတွင် အသက် ၂၃ နှစ်အရွယ် အီဂျစ်လူမျိုး  ကာရီ အဲဟ်မဒ်ဒိုစ်ဆယက်ဒ် အလ်ဂိုင်သွာနီ  က ပထမနေရာကို ရရှိခဲ့ပါတယ်။


 

ကာရီ အဲဟ်မဒ်ဒိုစ်ဆယက်ဒ် အလ်ဂိုင်သွာနီ  သည် အီဂျစ်နိုင်ငံ Damietta ပြည်နယ်မှ ဖြစ်ပါတယ်။ ၎င်းအနေဖြင့်  စပိန်၊ မော်ရိုကို၊ ဗြိတိန်၊ အင်ဒိုနီးရှား၊ အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်တို့ကဲ့သို့ နိုင်ငံအသီးသီးမှ ကာရီများ အကြား ပြိုင်ဝင်ဝင်၍  ပထမနေရာကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

ကာရီ အဲဟ်မဒ်ဒိုစ်ဆယက်ဒ် အလ်ဂိုင်သွာနီ  က အဆိုပါပြိုင်ပွဲများနှင့် ပတ်သက်၍ “ဒီပြိုင်ပွဲတွေဟာ နိုင်ငံပေါင်း ၂၀ က ကိုယ်စားလှယ်တွေ ပါဝင်ယှဉ်ပြိုင်တာ တစ်လကြာ ကြောင်း ပြောပါတယ်။

အစောပိုင်းတွင်ကာရီ ၁၃ ဦး ပါဝင်ခဲ့ပြီး  ကာရီ ၁၀ ဦးတွင် နောက်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပါတယ်။  ကာရီ အဲဟ်မဒ်ဒိုစ်ဆယက်ဒ် အလ်ဂိုင်သွာနီ  က ပထမနေရာကို ရယူနိုင်ခဲ့လို့ အရမ်းပျော်ပြီး မိမိ နိုင်ငံကို အီဂျစ် အတွက် ဂုဏ်ယူ နိုင်ခဲ့ကြောင်း ပြောကြားပါတယ်။

အဲဟ်မဒ်ဒိုစ်ဆယက်ဒ် အလ်ဂိုင်သွာနီ  အာဖေဇ်ဇေကုရ်အာန် မိသားစု မှ မွေးဖွားလာသူ ဖြစ်ပြီး ၅ နှစ် သား အရွယ် မှ စ၍ ကျမ်းတော် မြတ် ကုရ်အာန် အား အာဂုံဆောင် ခဲ့သူ ဖြစ်ပါတယ်။

၎င်းမှ ထပ်လောင်းပြီး ကျနော် ၏ဖခင်သည် ကုရ်အာန် ဟာဖေဇ် ဖြစ်ပြီး ရေဒီယို ကုရ်အာန် ကရီးမ် တွင် အလုပ်လုပ်သူ ဖြစ်ကြောင်း မိမိဖခင် မှ မိမိအား စိတ်အားထက်သန်စေပြီး သူ၏ခြေရာနောက်သို့ လိုက်ကာ ကုရ်အာန် ကျမ်းမြတ် ကို အလွတ်ကျက် အာဂုံဆောင် ခဲ့ကြောင်း ပထမဆုံး မိမိ၏ ကေရာအသ် ကို ယမန်နှစ် စက်တင်ဘာလတွင် ရေဒီယို ကုရ်အာန် အီဂျစ်တွင် ထုတ်လွှင့်ခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်မဒ်ဒိုစ်ဆယက်ဒ် အလ်ဂိုင်သွာနီ  သည် အီဂျစ်တွင် ရေဒီယိုကုရ်အာန်၏ အသက်အငယ်ဆုံး ကာရီ အဖြစ် သတ်မှတ်ခံထားရပါတယ်။ ၎င်း အနေဖြင့် လေးနှစ်ကြာ ပြင်းထန်သော စာမေးပွဲများကို အောင်မြင်ပြီးနောက် ရေဒီယို ကုရ်အာန် ကရီးမ် ၊အီဂျစ် တွင် အဖွဲ့ဝင်အဖြစ် အတည်ပြုခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။

.......................................................

END / 251