အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News နှင့် IRNA ၏ အဆိုအရ ပါလက်စတိုင်းနှင့် လက်ဘနွန်ရှိ အဖိနှိပ်ခံပြည်သူများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးများအပေါ် အကြမ်းဖက် ဇီယွန်ဝါဒီ စစ်သားများက ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှုများ ကို တုံ့ပြန်သည့်အနေဖြင့် အီရတ်အစ္စလာမ်မစ် တော်လှန်ရေးအဖွဲ့မှ သိမ်းပိုက်ထားသော ပါလက်စတိုင်း မြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုကို မောင်းသူမဲ့လေယာဉ်ဖြင့် သောကြာနေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အခြားထုတ်ပြန်ချက်တစ်ခုတွင် အီရတ်အစ္စလာမ်မစ် တော်လှန်ရေးအဖွဲ့ တပ်ဦးသည် ဇီယွန်အစိုးရ၏ စစ်ဘက်ဆိုင်ရာ ဗဟိုဌာနကို သောကြာနေ့တွင် ဒုတိယအကြိမ် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြောကြား ခဲ့ ပါတယ်။
သိမ်းပိုက်ထားသော ပါလက်စတိုင်းကို အီရတ်၏ အစ္စလာမ်မစ် ခုခံရေး လှုပ်ရှားမှုက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ ပါ တယ်။
ဇီယွန်ဝါဒီ စစ်စခန်းများကို ဆက်လက် တိုက်ခိုက်နေရုံ သာမက ပြင်းထန်လာမည်ဟု အီရတ်အစ္စလာမ္မစ် တော်လှန်ရေး တပ်က ပြောကြားထားကြောင်း သိရှိရပါတယ်။
.......................................................
END / 251