၂၅ နိုဝင်ဘာ ၂၀၂၄ - ၁၉:၅၈
 လားရှိုးတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်သဖြင့် သားအမိ ၃ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ် နမ့်ပေါင်ရွာနဲ့ သံလွင်ရွာကို နိုဝင်ဘာ ၂၄ ရက်ည ၇ နာရီခွဲကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သားအမိ ၃ ယောက် သေဆုံးကြောင်း ဒေသခံတွေ ရဲ့ ပြောပြချက် နဲ့ MNDAA ဘက်က ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ် နမ့်ပေါင်ရွာနဲ့ သံလွင်ရွာကို နိုဝင်ဘာ ၂၄ ရက်ည ၇ နာရီခွဲကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သားအမိ ၃ ယောက် သေဆုံးကြောင်း ဒေသခံတွေ ရဲ့ ပြောပြချက် နဲ့ MNDAA ဘက်က ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေသခံ လူငယ်တယောက်က “ဘုရားကျောင်းတော့ မထိပါဘူး။ စာသင်ကျောင်းပါဗျ။ နမ့်ပေါင်မှာက ဖုန်းလိုင်း မရဘူး။ ထိတာ သားအမိ ၃ ယောက်။ အသက်က ငယ်သေးတယ်။ ကလေး တယောက်က ၆ နှစ် ပဲရှိသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က နမ့်ပေါင်ရွာ နဲ့ သံလွင်ရွာမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲနဲ့ နိုဝင်ဘာ ၂၄ ရက်နေ့ည ၇ နာရီခွဲ ဝန်းကျင်လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က"သံလွင်မှာ နှစ်လုံး၊ နမ့်ပေါင်မှာ တလုံးတဲ့။ နမ့်ပေါင်က ၂၉၁ စစ်ကောင်စီ တပ်စခန်းဟောင်းနားလို့ ပြောတယ်။ စာသင်ကျောင်းလား မသိဘူး။ တလုံးတည်းနဲ့ အဲ လောက်တောင် ကြေမွသွားတယ်။ သံလွင်မှာ ၃ ယောက်ထိတယ်။ နမ့်ပေါင်မှာတော့ လူထိတယ်လို့ မကြားဘူး” လို့ ပြောပါတယ်။

ဒဏ်ရာရရှိသူတွေက မိသားစုဖြစ်ပြီး ၆ နှစ်အရွယ် ကလေးငယ်တယောက်၊ အသက် ၄၀ အရွယ် ဖခင်နဲ့ အသက် ၃၈ နှစ်အရွယ် မိခင်တို့ဖြစ်တယ်လို့ လားရှိုး ပြန်လည်ထူထောင်ရေးရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ဖခင်ဖြစ်သူရဲ့ ဦးခေါင်းဒဏ်ရာကပြင်းထန်တာကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရကာ မိခင်ဖြစ်သူက ခြေထောက်နဲ့ခေါင်းမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ပေါက်ကွဲသံကြောင့် နားတဖက်ကောင်းစွာ မကြားရတော့ကြောင်း သိရကာ အသက် ၆ နှစ်အရွယ် ကလေးငယ်က မျက်နှာနဲ့ ညာဘက်ဝမ်းဗိုက်၊ ပေါင်ထိပ်နား‌တို့မှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

လားရှိုးမြို့နယ်မှာ နိုဝင်ဘာ ၂၄ ရက်နေ့ည ၇ နာရီ ၄၃ မိနစ် အချိန်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ Yak-130 Fighter Jet တစီး မြောက်အရပ်ကနေ နေပြည်တော် အေလာလေတပ်သို့ ည ၈ နာရီ ၂၅ မိနစ်က ဆင်းသက်ခဲ့ပြီးနောက် ည ၇ နာရီ ၄၉ မိနစ် အချိန်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဒုတိယ Yak-130 Fighter Jet တစီး မြောက်အရပ်ကနေ နေပြည်တော် အေလာလေတပ်ကို ည ၈ နာရီ ၃၁ မိနစ်က ထပ်မံ ဆင်းသက်ခဲ့ကြောင်း National Air Scout မှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၂၄ ရက် ညနေ ၇ နာရီ ၃၀ မိနစ်မှာ စစ်ကောင်စီတပ်ဖွဲ့က လားရှိုးမြို့နယ် သံလွင်ရွာနဲ့ နမ့်ပေါင်ရွာကို ပေါင်ချိန်များတဲ့ လေယာဉ် ဗုံး ၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

လေ‌ယာဉ်ဗုံးကြောင့် အရပ်သား ၃ ယောက်ထိခိုက်ခဲ့ပြီး သံလွင်ရွာက တရုတ်စာသင်ကျောင်းတကျောင်းနဲ့ နမ့်ပေါင်ရွာက မြန်မာအထက်တန်း စာသင်ကျောင်း တကျောင်း ပြင်းထန်စွာ ပျက်စီးခံရတဲ့အပြင် တခြားလူနေအိမ် အများအပြားလည်း ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်၊ စက်တင်ဘာ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်နေ့တွေမှာလည်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာနဲ့ နမ္မ ကျောက်မီးသွေးတွင်းဘက် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူတွေ ထိခိုက်၊ သေဆုံးမှုရှိခဲ့သလို နေအိမ် အဆောက်အဦ တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

.......................................................
END / 251