၂၆ နိုဝင်ဘာ ၂၀၂၄ - ၁၄:၁၃
အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် ဂျူးဘုန်းတော်ကြီး သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း အီရန် မှ ပြင်းပြင်းထန်ထန် ငြင်းဆို

အာရပ်စော်ဘွားများ ပြည်ထောင်စု(ခ) ယူအေအီးတွင် ဂျူးဘုန်းတော်ကြီးတစ်ပါး သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း အီရန်မှ ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher သတင်းဌာန၏ အစီရင်ခံစာအရ ဇီယွန်ဝါဒီ ဘာသာရေး ခေါင်းဆောင် ကို အာရပ်စော်ဘွားများ ပြည်ထောင် စု (ခ) ယူအေအီးတွင် အမည်မသိလူများ က သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

ဇီယွန်ဝါဒီ ၀န်ကြီးချုပ်ရုံးက ဂျူးဘုန်းတော်ကြီး သတ်ဖြတ်မှုကို အတည်ပြုခဲ့ပြီး လူသတ်သမားများကို ဖော်ထုတ် နိုင် မည်ဟု ပြောကြားခဲ့ပါတယ်။

အနောက်တိုင်းနှင့် ဇီယွန်ဝါဒီ သတင်းရင်းမြစ်အချို့က အီရန်သည် ဂျူးဘုန်းတော် ကြီးသတ်ဖြတ်မှုတွင် ပါဝင် သည်ဟု စွပ်စွဲပြီးနောက် အီရန်သည် အဆိုပါစွပ်စွဲချက်များကို ပြင်းထန်စွာ ငြင်းဆိုခဲ့ပါတယ်။

အဘူဒါဘီ ရှိ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ သံရုံးက ထုတ်ပြန်သော ကြေညာချက်တွင် ဂျူးရဗ္ဗိ သတ်ဖြတ်မှု နှင့် ပတ်သက်၍ အီရန်အပေါ် စွပ်စွဲမှုများသည် အခြေအမြစ်မရှိဟု ပြင်းပြင်းထန်ထန် ငြင်းဆိုထား ပါတယ်။

.......................................................

END / 251