အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အကျော်အမော် ရှီအဟ် မရ်ဂျအ် သက္က်လီးဒ်တော်များ မှ တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ် ဒီ အာမိုလီ သည် ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ ၂၀၂၄ခုနှစ် သောကြာနေ့ တွင် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ တွေ့ဆုံ စကားပြောကြားစဥ် အေမာမ် ဟိုစိုင်းန် (အ.စ) မိန့်ကြားတော်မူခဲ့သည့် « အကြင်မည်သူမဆို ဂိုနာဟ် ဖြင့် (စစ်မှန်သည့်) ရည်မှန်းချက် ကို ရောက်နိုင်မည် မဟုတ်ချေ။ » အား တင်ပြမိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး အာယာသွလ္လာဟ် မှ ကျွန်ုပ်တို့သည် မည်သည့်နေရာတွင်မဆို ကျွန်ုပ်တို့ လမ်းလွဲသွားခြင်း သို့မဟုတ် အခြားသူများ၏လမ်းကို ပိတ်ဆို့ခြင်းကြောင့်ဖြစ်ရကြောင်း ၊ ဤနိုင်ငံသည် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထက် ကြီးမြတ်သော အလ္လာဟ်ဟို အရှင်မြတ် ချီးမြှင့်တော်မူထားသည့် ကြီးမားသည့် အရင်းအမြစ် များ နှင့် ကြီးမြတ် သည့် ပြည်သူလူထု ရှိ၍ မလွဲမသွေ တန်ဖိုးထားရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ပြီးနောက် ကျွန်ုပ်တို့သည် အီရန်လူမျိုးများသည် ကြီးမြတ်ပြီး မြင့်မြတ်သောလူမျိုးဖြစ်ကြကြောင်း ဟောင်ဇဟ် သမားများကို ဖြစ်လို့ မဆိုလိုကြောင်း တက္ကသိုလ်ကျောင်းသားများ ဖြစ်လို့ မဆိုလိုကြောင်း အီရန်လူမျိုးများ ဖြစ်လို့ ဆိုလိုကြောင်း အမေရိကန် တနိုင်ငံလုံးကို ကြည့်လိုက်ရင် ရှေးဟောင်းလက်ရာ တစ်ခုတည်းကို တွေ့ရမှာ မဟုတ်ကြောင်း ဒါပေမယ့် အီရန်ကို သွားတဲ့နေရာတိုင်းမှာတော့ အနုပညာလက်ရာတွေနဲ့ ရှေးဟောင်းလက်ရာ တွေကို တွေ့ရမှာဖြစ်ကြောင်း အီရန်ပြည်သူတွေကို မလွဲမသွေ နှိမ့်ချမဆက်ဆံရမည်ဖြစ် ကြောင်း မလွဲမသွေ ရိုင်းပျစွာ မဆက်ဆံရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ထပ်လောင်း၍ ဒီနိုင်ငံကြီးကို သိက္ခာရှိရှိ အုပ်ချုပ်ရမည် ဖြစ်ကြောင်း လမ်းစဥ် သည် အသက်ရှင်နေပြီး အခြားသူများထံ လွှဲပြောင်းပေးရမည် ဖြစ်ကြောင်း နိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာရမယ် ဆိုတာကိုလည်း ပြည်သူတွေက သိထားပြီးဖြစ်လို့ တိုင်းပြည်မှာ အဂတိလိုက်စားမှု မရှိဘူးလို့ မြင်ရင် ဥပဒေကိုလည်း လေးစားမှာ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ အကြံပြုချက်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် တွေးခေါ်နိုင်ပြီး ကမ္ဘာနှင့်အဝှမ်း လုပ်ဆောင်ရန် စွမ်းအားရှိရန် လိုအပ်သည်ဟု မိန့်ကြားခဲ့ပါတယ်။
ပြီးနောက် သမိုင်းတွင် ကျွန်ုပ်တို့သည် အာရပ်လူမျိုးများထက် ပိုဆိုးသော မသိနားမလည်မှု မရှိခဲ့သူများ မရှိခဲ့ကြောင်း သို့သော် အစ္စလာမ် ၏ တမန်တော်မြတ် (ဆွ) သည် ဤရုပ်တုကိုးကွယ်သူများ၊ ကိုးကွယ် ယုံကြည်သူများ နှင့် စာချုပ်ချုပ်ဆိုသောအခါ ပဋိညာဉ်ကို မချိုးဖောက်ခဲ့ကြောင်း အကယ်၍ လူကြီးမင်း အနေဖြင့် ကာဖေရ်များ နှင့် ကတိကဝတ်ပြု လက်မှတ်ရေးထိုးထားလျင် ပေးထားသည့် ကတိ အတိုင်း ရပ်တည် ရမည်ဖြစ် ကြောင်း ဤစကားသည် တကမ္ဘာလုံး အတွက် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။ ထိုနောက် အရေးကြီး မိန့်ကြားစရာများကို မိန့်ကြားခဲ့ပါတယ်။
ဤအစည်းအဝေးတွင် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ မှ ကျွန်ုပ်တို့သည် ပြည်သူများနှင့် ၎င်းတို့၏ ကြီးမားသော သိပ္ပံပညာစွမ်းရည်များကို အားကိုးကြောင်း စစ်ရေးနှင့် စီးပွားရေး ပါဝါသည် ကမ္ဘာပေါ်တွင် နေရာယူထားသော်လည်း ကမ္ဘာကြီးသည် စိတ်ကူးစိတ်သန်းများနှင့် တီထွင်ကြံဆမှုများရှိသော ကမ္ဘာတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့ ကြိုးစားမည် ဖြစ်ကြောင်း ကျွန်ုပ်တို့သည် အီရန်တွင်ရှိသော ကောင်းမွန်သော အရည်အချင်းများနှင့် အထောက်အကူပစ္စည်းများကို အကောင်းဆုံးအသုံးချသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251