အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ နမာဇ်မိုင်းယသ် နှင့် နေကဟ် အတွက် ဝန်ဆောင်မူ ယူခြင်း ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
နမာဇ် မိုင်းယသ် နှင့် နေကဟ် အတွက် ဝန်ဆောင်မူ ယူခွင့် ရှိ ပါသလား?
အဖြေ
နေကဟ် အတွက် ဝန်ဆောင် ခ ယူခြင်း သည် ပြဿနာ မရှိချေ။ (ယူပိုင်ပါသည်။ ) နမာဇ် မိုင်းယသ် အတွက် ဝန်ဆောင် ခ ယူခြင်း သည် အဲဟ်သေယာသွ် ဝါဂျစ်ဗ် အရ ယူပိုင်ခွင့် မရှိချေ။
အကြံပြုချက် - အထက်ဖော်ပြ ပါ ဖြေကြားချက်ကို ကြည့် ၍ နေကဟ် အတွက် နေကဟ် ဖတ်ပေးသူ အား ဝန်ဆောင် ခ ပေး နိုင်ကြောင်း နမာဇ် မိုင်းယသ် ရှေ့ဆောင် ဖတ်ပေးသူအား ဝန်ဆောင်မှု ပေးရန် မလိုကြောင်း ထင်ရှားစွာ တွေ့မြင် နိုင်ပါတယ်။ နေကဟ် ပြုချိန် အစစအရာရာ အတွက် ဝန်ဆောင် မှုများ ကို ကျေကျေနပ်နပ် ဝမ်းမြောက် ဝမ်းသာစွာ ပေးကြပြီး နေကဟ် ဖတ်ပေးသူကို ဝန်ဆောင်ခ (လက်ဆောင် ) မပေးခြင်းမှာ ရုပ်ဆိုးသည့် လုပ်ရပ် တစ်ခု ဖြစ်ပါတယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251