၁၁ ဒီဇင်ဘာ ၂၀၂၄ - ၁၈:၄၈
ပါလက်စတိုင်း၊ လက်ဘနွန်နဲ့ ဆီးရီးယားတို့အပေါ် ဇီယွန်ဝါဒီများ ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ကို  ရပ်တန့်ရမယ် ဖြစ်ပါတယ် / အီရန်

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ဆီးရီးယားတွင် ဇီယွန်ဝါဒီအစိုးရ၏ မကြာသေးမီက အကြမ်းဖက် တိုက်ခိုက်မှု များကို ပြောကြားခဲ့ပြီး ၎င်းအား တားဆီးရန် တောင်းဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး (သို့မဟုတ်) ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇင်းမ် ဂရီးဗ် အဗါဒ်ဒီ သည် တာ့ခ်မင်နစ္စတန်နိုင်ငံ အရှက်အဗါဒ် မြို့ တွင် ကျင်းပ သည့် ကြားနေနိုင်ငံများ၏ အစည်းအဝေးတွင် ပါဝင်တက် ရောက်ခဲ့ပါတယ်။

ပါလက်စတိုင်း၊ လက်ဘနွန်နဲ့ ဆီးရီးယားတို့အပေါ် ဇီယွန်ဝါဒီအစိုးရရဲ့ ရိုင်းစိုင်းတဲ့ ရက်စက်ကြမ်းကြုတ် ၊အကြမ်းဖက် မှုများကို  ရပ်တန့်ရေးမှာ နိုင်ငံတကာအဖွဲ့အစည်းများ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မအောင်မြင် မှု နှင့် အလုပ်မလုပ်မှု ကို အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မှ  ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဇီယွန်ဝါဒီအစိုးရ၏ ရက်စက် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် နယ်ချဲ့  အစိုးရအား ၏  ရာဇ၀တ်မှုများအတွက် တာဝန်ခံရန် လက်တွေ့ကျသော အစီအမံများကို လုပ်ဆောင်သင့်သည်ဟု ကာဇင်းမ် ဂရီးဗ် အဗါဒ်ဒီ က ပြောကြားခဲ့ပါတယ်။

 

ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို လေးစားလိုက်နာရန် အီရန်၏ အခြေခံကျသော ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့ပြီး ဆီးရီးယား၏ ကံကြမ္မာနှင့် အနာဂတ်ကို ဤနိုင်ငံမှ ပြည်သူများက ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်သည် ဆီးရီးယားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြန်လည်ထူထောင်ရန် သန္နိဋ္ဌာန်ချထားကြောင်းနှင့် ယင်းနှင့်ပတ်သက်၍ ဒေသတွင်းရှိ သက်ဆိုင်ရာပါတီများနှင့် ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာဇင်းမ် ဂရီးဗ် အဗါဒ်ဒီ မှ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

.......................................................

END / 251