အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News အစီရင်ခံစာ အရ ယီမင်နိုင်ငံ အန်ဆွာရိုလ္လာဟ် ၏ အကြီးအကဲ ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ က ဂါဇာကမ်းမြောင်ဒေသရှိ ရွှေ့ပြောင်းဒုက္ခသည်များ၏ ဆိုးရွားလှသော အခြေအနေအပေါ် ၎င်း၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဇီယွန်အစိုးရသည် ဂါဇာမြောက်ပိုင်းတွင် နေထိုင်သူများကို နေရာ ရွှေ့ပြောင်း ရန် တွန်းအားပေးနေသည်ဟု ပြောကြားခဲ့ပါတယ်။
မွတ်စလင်များ နှင့် အာရပ်နိုင်ငံများ၏ လျစ်လျူရှုမှုကြားတွင် နယ်ချဲ့ ဇီယွန်ဝါဒီအစိုးရသည် ပါလက်စတိုင်းများ အပေါ် ရာဇ၀တ်မှုအမျိုးမျိုးကို ကျူးလွန်နေသည်ဟု ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ က ပြောကြား ခဲ့ပါတယ်။
လက်ဘနွန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အဆုံးသတ်ရန် အခွင့်အလမ်းတစ်ခုအဖြစ် ဇီယွန် ဝါဒီအစိုးရ က ဆီးရီးယားသို့ ကျူးကျော်ဝင်ရောက်လာသည်ဟု ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ က ပြောကြားခဲ့ပါတယ်။
နယ်ချဲ့ ဇီယွန်ဝါဒီများ၏ လောဘကြီးသော မျက်လုံးများသည် ပါလက်စတိုင်း၏ပတ်ပတ် လည်တွင်လည်း ရှိနေကြောင်း၊ ဤအကြမ်းဖက် အစိုးရသည် မီဒီယာအစီအစဉ်များ၊ နိုင်ငံရေး အစီအစဉ်များနှင့် အမေရိကန်နှင့် ပူးပေါင်းကြံစည်မှုများ လုပ်နေကြောင်း နယ်ချဲ့ ဇီယွန်ဝါဒီအစိုးရသည် ဆီးရီးယားနယ်မြေကို တိုက်ခိုက်ခြင်းဖြင့် ဒမတ်စကတ်မြို့ဆင်ခြေဖုံးသို့ ချီတက်လာကာ ဆီးရီးယားကာကွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ဖျက်ဆီးခဲ့ကြောင်း ယီမင်နိုင်ငံ အန်ဆွာရိုလ္လာဟ် ၏ အကြီးအကဲ ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ က ပြောကြားခဲ့ပါတယ်။
.......................................................
END / 251