၁၅ ဒီဇင်ဘာ ၂၀၂၄ - ၁၂:၃၅
ဟစ်ဘွလ္လာဟ်  ၏ ခုခံမှုသည် အီမာန် နှင့် ပြင်ဆင်မှု အပေါ် အခြေခံ၍ ဆက်လက်တည်ရှိနေကြောင်း ၊ ဆီးရီးယား အစိုးရသစ်သည် အစ္စရေးကို ရန်သူအဖြစ် သတ်မှတ်လိမ့်မည်ဟု မျှော်လင့် ကြောင်း ပြောကြား / H.I ရှိက်ခ် နအီးမ် ကာစင်မ်

လက်ဘနွန်ရှိ ဟစ်ဘွလ္လာဟ် အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ရှိက်ခ် နအီးမ် ကာစင်မ် မှ ဟစ်ဘွလ္လာဟ် ၏ ခုခံမှုသည် ယုံကြည်ခြင်း နှင့် ပြင်ဆင်မှုအပေါ် အခြေခံကာ ဆက်လက်တည်ရှိနေပြီး စွန့်လွှတ် အနစ်နာခံမှုများ သည် ဟသ်ဘွလ္လာဟ် ၏တာဝန်များကို တိုးမြင့်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လက်ဘနွန်ရှိ ဟစ်ဘွလ္လာဟ် အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ရှိက်ခ် နအီးမ် ကာစင်မ် မှ ဆီးရီးယား အပါအဝင် ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ စနေနေ့ညတွင် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ရှိက်ခ် နအီးမ် ကာစင်မ် မှ ရှင်းလင်းပြောကြားသည် မှာ - အစ္စရေး၏ လက်ဘနွန်ကို ကျူးကျော်ဝင်ရောက်လာမည့် အခိုက်အတန့်တွင် ကျွန်ုပ်တို့ မျှော်လင့်ထားသော်လည်း အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး မတိုင်မီ သို့မဟုတ် အပြီးတွင် မည်သည့်အချိန်တွင် ဖြစ်လာမည်ကို ကျွန်ုပ်တို့ မသိနိုင်ခဲ့ကြောင်း ရန်သူသည် ဒေသတဝှမ်းရှိ ၎င်း၏ချဲ့ထွင်ရေးစီမံကိန်းကို အဟန့်အတားဖြစ်စေသော မည်သည့်ခုခံမှုကိုမဆို ချေမှုန်းပစ်လို ကြောင်း အစ္စရေး၏ ရာဇ၀တ်မှုများ၏ ရည်ရွယ်ချက်မှာ မအောင်မြင်ဘဲ ခုခံမှုကို ချိုးဖျက်ရန်ဖြစ်ပြီး အဆိုပါ ရာဇ၀တ် မှုများ သည် အောင်မြင်မှုမဟုတ် ကြောင်း ဟစ်ဘွလ္လာဟ် နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းသည် အလား အလာမရှိသလို အောင်ပွဲဆီသို့ ဦးတည်မည်မဟုတ်ကြောင်း ရန်သူက သဘောပေါက်သောကြောင့် အပစ် အခတ်ရပ်စဲရေး သဘောတူညီလိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးနိုင်ငံဆိုတတဲ့ ကင်ဆာအကျိတ်ကို ကိုင်တွယ်ဖြေရှင်း ပါမည် ...

လက်ဘနွန်တွင် အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာစေသည့် တော်လှန်ရေးတပ်ဖွဲ့များ၏ ရပ်တည်မှုနှင့် အာဇာနည်များ၏ သွေးများကို H.I ရှိက်ခ် နအီးမ် ကာစင်မ် ထောက်ပြပြီး ဟစ်ဘွလ္လာဟ် အနိုင်ရသွားပြီးကြောင်း အကြောင်း မှာ  ရန်သူသည် မိမိ တို့၏ အဓိက ပန်းတိုင်ကို မအောင်မြင်နိုင်သောကြောင့် အပစ်အခတ်ရပ်စဲရေး  ပြုခဲ့ကြောင်း ဟစ်ဘွလ္လာဟ် ခုခံရေး အင်အားစုများက ဆက်လက် တိုက်ပွဲဝင်နေကြဆဲ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သည် ကျူးကျော် မှုများကို ရပ်တန့်ရန်ဖြစ်ကြောင်း  ခုခံမှုကို ဖျက်ဆီးရန်မဟုတ်ကြောင်း  လစ်တာနီမြစ်၏ တောင်ဘက် တွင်သာ ကန့်သတ်ထားကြောင်း၊ ဇီယွန်ဝါဒီရန်သူ၏ သဘောတူညီချက်ကို ချိုးဖောက်မှုကို ကျွန်ုပ်တို့ စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မိမိတို့၏ ခုခံမှုသည် ပါလက်စတိုင်းပြဿနာ အတွက်ကြောင့် ဖြစ်ကြောင်း ထောက်ပြ ပြီး အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုတွေကြောင့် သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ အတား အဆီးမဖြစ်ဖို့ ကျွန်တော်တို့ သည်းခံခဲ့ကြောင်း  ဟစ်ဘွလ္လာဟ် အဖွဲ့ သည် ကျိုးကြောင်းဆင်ခြင်မှူ နှင့် အညီ လုပ်ဆောင်နေကြောင်း မလွဲမသွေ အင်အား နှင့် ရန်သူကို ရင်ဆိုင်မည် ဖြစ်ကြောင်း ပါလက်စတိုင်းသည် ရန်သူကို ကိုင်တွယ် ဖြေရှင်းရန် ဆွဲငင်အားရှိသော အချက်တစ်ခုဖြစ်ပြီး ရန်သူ နယ်ချဲ့ထွင်မှုကို တားဆီးရန် နှင့် ရန်သူ ၏သိမ်းပိုက်မှုကို အဆုံးသတ်ရန်အတွက် အုပ်စုတစ်ခုအနေဖြင့် ဤကင်ဆာအကျိတ်ကို ကိုင်တွယ်ဖြေရှင်းခြင်း သည် ကျွန်ုပ်တို့အတွက် ပိုမိုကောင်းမွန် စေကြောင်း  အောင်မြင်မှု ဆိုသည် မှာ ကြံ့ကြံ့ခံ ခုခံ မှု ကျန်ရှိနေ သည် ခေါ်ဆို ကြောင်း ဟစ်ဘွလ္လာဟ် သည် ဆက်လက် တည်ရှိနေ ပြီး တည် ရှိနေမည်ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

အီမာန် နှင့် ပြင်ဆင်မှုအပေါ် အခြေခံ၍ ဟစ်ဘွလ္လာဟ် ၏ ခုခံမှုသည် ဆက်လက်ရှိနေပါတယ် ...

H.I ရှိက်ခ် နအီးမ် ကာစင်မ် မှ မိမိ၏ မိန့်ခွန်း တွင် ဘာသာရေး၊ လူသားနှင့် လူမှုရေးအဆင့်အားလုံးတွင် ကြံ့ကြံ့ခံ  ခုခံမှု ဆက်လက်လုပ်ဆောင်ရန် တရားဝင်အခွင့်အရေးအဖြစ် အလေးပေး ထားကြောင်း ပြောကြားရင်း ကွင်းပြင်ရှိ  ကြံ့ကြံ့ခံ ခုခံမှု သည်  အောင်နိုင်မှုများ ရရှိရန်  ကြိုးစားပြီး အချို့သော အကြိမ်များတွင် ဆုံးရှုံးနိုင်ပြီး အချို့သော အကြိမ်များတွင် အနိုင်ရနိုင်ကြောင်းဤသည်  တိုက်ပွဲတွင် သဘာဝကျသော အရာဖြစ်ကြောင်း ဒါပေမယ့် အရေးကြီးတာက ကြံ့ကြံ့ခံ ခုခံမှုရဲ့ အဆက်မပြတ်တည်မြဲမှုဖြစ်ကြောင်း အနစ်နာခံခြင်းနှင့် ကိုယ်ကျိုးစွန့်ခြင်းသည် ကြံ့ကြံ့ခံ ခုခံမှုကို ဆက်လက်လုပ်ဆောင်ခြင်း၏ ပကတိတန်ဖိုးဖြစ်ကြောင်း  သမ္မာတရား(ဟက်တရား ) ကို စွဲစွဲမြဲမြဲ စွဲမြဲနေသမျှကာလပတ်လုံး မိမိတို့ သည် အောင်ပွဲရလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး လက်ဘနွန်ရှိ ဟစ်ဘွလ္လာဟ် အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ရှိက်ခ် နအီးမ် ကာစင်မ် မှ ဟစ်ဘွလ္လာဟ် ၏ ခုခံမှုသည် ယုံကြည်ခြင်း နှင့် ပြင်ဆင်မှုအပေါ် အခြေခံကာ ဆက်လက်တည်ရှိနေပြီး စွန့်လွှတ် အနစ်နာခံမှုများ သည် ဟသ်ဘွလ္လာဟ် ၏တာဝန်များကို တိုးမြင့်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးနောက် ယခု ကျွန်ုပ်တို့၏မေးခွန်းမှာ လက်ဘနွန်သည် ကြံ့ကြံ့ခံ ခုခံမှုမှလွဲ၍ လွတ်လပ်မည်လား? ကျွန်တော်တို့ရဲ့ ခုခံမှုကြောင့်ပဲ ၂၀၀၆ ခုနှစ်ကနေ ၁၇ နှစ်ကြာ အစ္စရေးကို ရပ်တန့်နိုင်ခဲ့တာ မဟုတ်ပါသလား ?  ကြံ့ကြံ့ခံ ခုခံ မှု ရှိရုံနဲ့ သာ မိမိတို့ အနိုင်ရခဲ့တာ မဟုတ်ပါလား?  ထို့ကြောင့် ရန်သူသည် ဤ ကြံ့ကြံ့ခံခုခံ မှု ဖြင့် သာ နောက် ဆုတ်ခဲ့ကြမည် ဖြစ်ကြောင်းကြံ့ကြံ့ခံ ခုခံခြင်းဖြင့်သာ  ကျွန်ုပ်တို့၏ တိုင်း ပြည်များကို စွန့်ခွာသွား မည်လိမ့်မည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ်က အရေးကြီး မိန့်ခွန်း များကို ပြောကြားခဲ့ပြီး ဆီးရီးယားသည် အစ္စရေးနှင့် ရန်လိုသော အနေအထားတွင် ရှိနေသောကြောင့် ကျွန်ုပ်တို့ ထောက်ခံခဲ့ကြောင်း ဆီးရီးယားအစိုးရသစ်သည် အစ္စရေးကို ရန်သူအဖြစ် သတ်မှတ်ပြီး ၎င်းနှင့် ဆက်ဆံရေးကို ပုံမှန်ဖြစ်အောင် လုပ်ဆောင်မည်မဟုတ်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါ ကြောင်း မိန့်ကြားခဲ့ပါတယ်။

.......................................................

END / 251