၁၈ ဒီဇင်ဘာ ၂၀၂၄ - ၀၉:၃၆
ဂါဇာကို စစ်ပွဲစတင်ကတည်းက လူပေါင်း ၈၁၈ ဦး သေဆုံးခဲ့ကြောင်း ဟီးဘရူးမီဒီယာက ဖော်ပြ

တင်းကျပ်သော ဆင်ဆာဖြတ်တောက်မှုများရှိသော်လည်း ဇီယွန်ဝါဒီမီဒီယာက ဂါဇာကိုတိုက်ခိုက် သည့်စစ်ပွဲ အစက တည်းက စစ်သား ၈၁၈ ဦး သေဆုံးခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News အစီရင်ခံစာ အရ ဇီယွန်နစ်ရုပ်မြင်သံကြားချန်နယ် ၇ သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဂါဇာကို ဇီယွန်ဝါဒီများ၏ ထိုးစစ်စတင်ချိန်မှစ၍  ဇီယွန် တပ်ဖွဲ့မှ စစ်သား ၈၁၈ ဦး သေဆုံးခဲ့ကြောင်း ဝန်ခံခဲ့ထားပါတယ်။

နောက်ဆုံးရရှိသောအချက်အလက်များအရ ဂါဇာတောင်ပိုင်းရှိ ရဖဟ် တွင်ရှိသော ပါလက်စတိုင်း ကြံ့ကြံ့ခံ ခုခံရေး သမားများနှင့် တိုက်ပွဲတွင် နာဟယ်လ်တပ်မဟာ နှင့်ဆက်စပ်နေသော ၇၀၁၇ အင်ဂျင်နီယာတပ်ရင်းမှ တပ်မှူးတစ်ဦးနှင့် စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ဇီယွန်နစ် သတင်းရင်းမြစ်များက ပြောကြားခဲ့ပါတယ်။

ဇီယွန် စစ်သည်များနှင့် အခြေချနေထိုင်သူများ သေဆုံးမှုစာရင်းဇယားများကို တစ်နှစ်ကျော်ကြာ တင်းကျပ်သော ဆင်ဆာဖြတ်တောက်မှု မူဝါဒကို စတင်အသက်ဝင်သည့်အချိန်တွင် ဇီယွန်စစ်တပ်၏ အသေ အပျောက်စာရင်း ဇယားများကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

နယ်ချဲ့ ဇီယွန် အစိုးရ သည် မိမိ စစ်သားများ ၏  စိတ်ဓာတ်ကို ထိန်းသိမ်းဖို့ ရည်ရွယ်ချက် ဖြင့် သေဆုံးသူ စစ်သား အရေအတွက် အမှန်  အား ဖုံးကွယ်ထားကြောင်း သိရှိရပါတယ်။

ယင်းနှင့်ပတ်သက်၍ ဇီယွန်ဝါဒီလူထုမီဒီယာအများအပြားသည် ၎င်းတို့၏သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုစာရင်းများကို ထုတ်ပြန်ကြေညာစဉ် ဇီယွန်နစ်စစ်တပ်မှ တင်းကျပ်သော ဆင်ဆာဖြတ်တောက်မှုကို ပြုခဲ့ကြောင်း ဝန်ခံခဲ့ကြ ပါတယ်။

လေ့လာသူအချို့၏အဆိုအရ စစ်ပွဲအတွင်း ဇီယွန်နစ်စစ်သားများ သေဆုံးဒဏ်ရာရမှုနှင့် သိမ်းပိုက်ခံထားရသော နယ်မြေများတွင် နောက်ထပ်ပြည်တွင်းရေးတုံ့ပြန်မှုများ ဖြစ်လာမည်ကို ကြောက်ရွံ့ခြင်းကြောင့် တင်းကျပ်သော ဆင်ဆာဖြတ်တောက်မှုကို ဇီယွန် အစိုးရ ပြုနေကြောင်း ဖြစ်ပါတယ်။

.......................................................

END / 251