အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အလီရေဇာ ယူစွဖ်ဖီ က ဗြိတိန်အစိုးရ၏ အီရန်အပေါ် အခြေအမြစ်မရှိသော စွပ်စွဲချက်များကို လုံးဝပယ်ချခဲ့ပြီး၊ ဗြိတိန်အာဏာပိုင်များသည် အာရုံလွှဲရန်နှင့် အီရန်အပေါ် အခြေအမြစ်မရှိသော စွပ်စွဲချက်များ တင်သွင်းရန် ကြိုးပမ်းခြင်းဖြင့် အမေရိကန်နှင့် အစ္စရေးအစိုးရတို့က အီရန်အပေါ် ပြုလုပ်သော စစ်ရေးကျူးကျော်မှုတွင် ပါဝင်ခဲ့မှု၊ ထို့ပြင် အီရန်ဆန့်ကျင်ရေး အကြမ်းဖက်အုပ်စုများနှင့် အဖွဲ့ဝင်များကို ရေရှည် လက်ခံခိုလှုံခွင့်ပေးထားမှုတို့အတွက် မိမိတို့၏ တာဝန်ခံမှုနှင့် နိုင်ငံတကာတာဝန်ဝတ္တရားများမှ ရှောင်လွှဲ၍ မရနိုင်ကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ အနောက်ဥရောပရေးရာ ညွှန်ကြားရေးမှူးချုပ်က အီရန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဗြိတိန်၏ တာဝန်မဲ့သော လုပ်ရပ်များကို ရှုတ်ချခဲ့ပြီး၊ ဖဲယားဖို့ဒ် စစ်အခြေစိုက်စခန်းတွင် ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲထားသော ဖြစ်ရပ်နှင့်ပတ်သက်၍ အီရန်အပေါ် စွပ်စွဲထားသည့် အချက်များအတွက် အထောက်အထားစာရွက်စာတမ်းများနှင့် သက်သေများကို ဗြိတိန်အစိုးရက အမြန်ဆုံး တင်ပြရမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။
ထိုသို့ မတင်ပြနိုင်ပါက အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို အလေးအနက် ပြန်လည်သုံးသပ်သွားမည်ဖြစ်ပြီး၊ ယင်းမှ ဖြစ်ပေါ်လာမည့် အကျိုးဆက်များအတွက် ဗြိတိန်အစိုးရကသာ တာဝန်ယူရမည်ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။
ဗြိတိန်သံအမတ်ကလည်း ဤကိစ္စနှင့်ပတ်သက်၍ မိမိနိုင်ငံရှိ အာဏာပိုင်များထံ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment