အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် နှင့် အစ္စရေး၊ အမေရိကန် ၁၂ ရက် စစ်ပွဲမှ ၄၀ ရက် စစ်ပွဲ အပြီး စိစစ်သုံးသပ်သူများ ၏ ဆန်းစစ်သုံးသပ်ချက်မှာ နောင်လာမည့်စစ်ပွဲတွင် အမေရိကန် ၊ အစ္စရေး သည် (စစ်ဘက်ဆိုင်ရာ) တပ်ဆင်မှုများ သက်သက်ဖြင့်သာ ကန့်သတ်ထားမည်မဟုတ်ဘဲ အရင် ကပြုလုပ် ခဲ့သလို အီရန် အဓိပတိခေါင်းဆောင် (Supreme Leader) အပါအဝင် အီရန် နိုင်ငံ၏ အဓိပက္ခကျရာ ပုဂ္ဂိုလ်များကိုပါ ပစ်မှတ်ထားရန် ကြိုးပမ်းလာမည်ဟူ၍ ဖြစ်ပါတယ်။ နောက်ဆက်တွဲ ဖြစ်ရပ်များက ဤစိုးရိမ်မှုကို ပိုမိုအလေးအနက်ဖြစ်စေလာပါတယ်။
၄၀ ရက် စစ်ပွဲ၏ နောက်ခံအခြေအနေအရ အမေရိကန်၊ အစ္စရေး တို့ သည် မိမိတို့ ၏ ရိုးရာစစ်ဘက်ဆိုင်ရာ အင်အား၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားသော စစ်ရေး၊ စီးပွားရေး ဖိအားပေးသည့် နည်းဗျူဟာများကို ကြီးမားသော အတိုင်းအတာဖြင့် စမ်းသပ်ပြီးဖြစ်ပါတယ်။ အီရန် ဘက်မှ တုံ့ပြန်ဆောင်ရွက်မှုများ အပြီးတွင် ရိုးရာနည်းလမ်းများဖြင့် လိုချင်သော ရလဒ်များ မရရှိခဲ့သည့်အတွက် ၎င်းတို့ သည် နောက်ထပ်မည်သည့် အဆင့်ကို ဆက်လှမ်းနိုင်မည်နည်းဟူသော မေးခွန်းသည် ပိုမိုအရေးပါလာခဲ့ပါတယ်။
အန္တရာယ်အရှိဆုံး စိုးရိမ်ရမှုမှာ နျူကလီးယားလက်နက်များ အသုံးပြုခြင်းပင် ဖြစ်ပါတယ်။
ဤဖြစ်နိုင်ခြေသည် ၎င်း၏ သဘောသဘာဝအရ အလွန်ပင် လေးနက်လှပြီး အစ္စရေးအနေဖြင့် အမေရိကန်၏ ညှိနှိုင်းမှု သို့မဟုတ် ထောက်ခံအားပေးမှုဖြင့် အီရန် နိုင်ငံအပေါ် အကန့်အသတ်ဖြင့် နျူကလီးယားလက်နက်များကို အသုံးပြုလာနိုင်ခြေ ရှိပါတယ်။
အမေရိကန် နှင့် အစ္စရေး သည်အီရန် နိုင်ငံ၏ (ကူဟ်-အယ်လ် ကာလင့်ဂ်) တောင်တန်း သို့မဟုတ် သဲကန္တာရဒေသတစ်ခုခုအပေါ် အက်တမ်ဗုံး ကြဲချခြင်းဖြင့် အီရန် ကို အရေးနိမ့်ကြောင်း ဝန်ခံကာ လက်နက်ချအညံ့ခံရန် ဖိအားပေးလာရန် ကြိုးပမ်းလိမ့်မည်ဟု သုံးသပ်ရပါတယ်။
သို့သော် အီရန် သည်လည်း ဤကဲ့သို့သော အခြေအနေမျိုးအတွက် ပြင်ဆင်ပြီးဖြစ်ကာ ရန်သူကို သတိပေးထားပြီးဖြစ်ရာ နောင်လာမည့်စစ်ပွဲတွင် ကူဝိတ်နှင့် ဘာရိန်းနိုင်ငံများရှိ အမေရိကန် စစ်စခန်းများကို ကုန်းကြောင်းမှ တိုက်ခိုက်ကာ ၎င်းတို့အပေါ် သိမ်းပိုက်မည် ဖြစ်ပါတယ်။ ထိုနည်းတူစွာပင် ဤနိုင်ငံနှစ်နိုင်ငံစလုံးသည်လည်း လွတ်လပ်လာမည်ဖြစ်ပြီး ပါလက်စတိုင်း၏ လွတ်မြောက်ရေးနှင့် ရန်သူ ပျက်စီးသွားသည်အထိ စစ်ပွဲကို ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ပါတယ်။
ဤနည်းတူစွာပင် စစ်ပွဲသည် တစ်ဒေသလုံးသို့ ပျံ့နှံ့သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် အမေရိကန်အနေဖြင့် အရေးနိမ့်မှုကို ရင်ဆိုင်ရကာ အဆိုပါဒေသမှ ထွက်ခွာသွားရလိမ့်မည်ဖြစ်ပါတယ်။
နောင်လာမည့်စစ်ပွဲ၏ ရလဒ်သည် အီရန် နှင့် အမေရိကန် ၊ အစ္စရေးတို့တွင်သာ ကန့်သတ်ခံနေမည်မဟုတ်ဘဲ အရှေ့အလယ်ပိုင်း တစ်ခုလုံး၏ အနာဂတ်ကိုပါ ဆုံးဖြတ်ပေးသွားနိုင်မည် ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment