အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂါဇာရှိ အဒ်ဒဂျ် ဧရိယာရှိ လူနေအိမ်တစ်လုံးတွင် ဇီယွန်ဝါဒီများ၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၁၉ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ် ။ ဇီယွန်စစ်တပ်သည် ဂါဇာတောင်ဘက်ရှိ ခန်းယူနွစ် ၏ ခဇါအေလ် နေရာကို ပစ်ခတ်ခဲ့ပါတယ်။
ဂါဇာကမ်းမြောင်မြောက်ပိုင်း ဘိုက်သိုလာဟီယဟ် တွင် ဇီယွန်ဝါဒီစစ်တပ်က ပါလက်စတိုင်းများ အိုးမဲ့အိမ်မဲ့ ခိုလှုံနေရသည့် အိမ်တစ်လုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဇီယွန်ဝါဒီတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ကမါလ်အဒ်ဝါန် ဆေးရုံ အရေးပေါ်ခန်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ပါလက်စတိုင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီရိုလ်ဗလဟ် ကို ဇီယွန်စစ်တပ်က ဂါဇာမြောက်ပိုင်း ကမါလ်အဒ်ဝါန် ဆေးရုံ အနီးတစ်ဝိုက်တွင် ကိုးကြိမ်တိုင်တိုင် ဇီယွန်ဝါဒီစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုပြုခဲ့ပြီး ထို တိုက်ခိုက်မှု ကြောင့် ပါလက်စတိုင်းသားနှစ်ဦး သေဆုံးခဲ့ပြီး အခြား အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
ဇီယွန်စစ်လေယာဉ်များသည် ဂါဇာရှိ အလ်ဆဟာဗဟ် ဒေသရှိ လူနေအိမ်တစ်လုံးကိုလည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ ပါတယ်။ ဇီယွန်အစိုးရသည် အလ်မအ်ဒါနီ ဆေးရုံအနီးတဝိုက်ရှိ ဧရိယာများကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။ ဇီယွန်စစ်တပ်သည် ဂါဇာကမ်းမြောင်တောင်ဘက် အဇ်ဇိုက်သွန် ရှိ လူနေအိမ်များကို ဖျက်ဆီးခဲ့ပါတယ်။
ထိုပြင် အကြမ်းဖက် ဇီယွန်ဝါဒီတို့၏ ရက်စက် ကြမ်းတမ်းမှု ဖျက်ဆီး မှု ခံခဲ့ရသည့် အိမ် တစ်လုံး အတွင်း ပါလက်စတိုင်း အာဇာနည် ရှစ်ဦး၏ ရုပ်အလောင်းများ ထွက်ပေါ်လာခဲ့ပါတယ်။
အန်နိုဆိုက်ရာသ် စခန်းကို ဇီယွန်နစ် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၅ ဦး အသက်ဆုံးရှုံးခဲ့ပြီး အခြား ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
နာဗလက်စ် တွင်လည်း ဇီယွန်ဝါဒီစစ်တပ်က ပါလက်စတိုင်းတစ်ဦးကို သတ်ခဲ့ပြီး သဟ်ရီးက် ကိုအစ်သကာမသ် ၏ မိုဂျာဟစ်ဒ်ဒီးန် မှ ဇီယွန် စစ်သားများကို လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ပါတယ်။
.......................................................
END / 251