အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဇီယွန်ဝါဒီစစ်တပ်သည် ယီမင်ရှိ မြို့များ အသီးသီး ကို တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သား ၉ ဦး ရှဟီးဒ် ဖြစ်ခဲ့ ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Maher သတင်းဌာနက အလ်ဂျဇီးရဟ် ကို ကိုးကား၍ ပြောကြားခဲ့ပါတယ်။
ယီမင်မီဒီယာများ၏ အဆိုအရ ကမ်းရိုးတန်း အလ်ဟဒီဒဟ် ရှိ ရာစ် အီစာ ရေနံစက်ရုံများကို တိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၂ ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယီမင်မီဒီယာများ၏ ဖော်ပြချက်အရ သိရပါတယ်။
တစ်ဖက်တွင် ဇီယွန်စစ်ဝန်ကြီးက ဟူသီများနှင့် ဆက်စပ်သည့် မဟာဗျူဟာမြောက် တပ်ဆင်တိုက်ခိုက်မှု ဒါဇင်များစွာကို အတည်ပြုခဲ့ကြောင်း အခိုင်အမာဆိုထားပါတယ်။ အစ္စရေးကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခြင်း သို့မဟုတ် သင်္ဘောများ ပျက်စီးခြင်းမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့ပါတယ်။
မနေ့ညက ယီမင်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် တဲလ်အဗစ် အရှေ့ဘက်မှာ ပေါက်ကွဲသံတွေ အများအပြား ကြားရပြီး အစ္စရေးအလယ်ပိုင်းက မြို့တွေကို ဒုံးကျည်နဲ့ တိုက်ခိုက်မယ့် အန္တရာယ်ကြောင့် အချက်ပေးသံတွေ ထွက်ပေါ် လာတာကို သတိရသင့်ပါတယ်။
.......................................................
END / 251