အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အောက်ဖော်ပြပါ ဓာတ်ပုံ နှစ်ပုံ ဟာ နဂျဖ်ဖေအရှ်ရဖ် က အာလင်မ် များ ဖြစ်ပါတယ်။
ပထမ ဓာတ်ပုံက အစီအစဥ် တစ်ခုမှာ နဂျဖ်ဖေအရှ်ရဖ် က အာလင်မ် များ ထိုင်ခုံများပေါ် ထိုင်နေကြတဲ့ ပုံ ဖြစ်ပါ တယ်။
ဒုတိယ ပုံကတော့ ဤအစီအစဥ် အတွင်း ဟောင်ဇေအေလ်မေယေ နဂျဖ်က ဆရာတစ်ပါး ကြွလာပါတယ်။ ထိုအချိန် ထိုင်ခုံ ပေါ် ထိုင်နေကြသည့် အာလင်မ် များ မှ တစ်ချို့ က ကြွလာသည့်ဆရာတော် အတွက် ထိုင်ရန် မိမိတေို့ နေရာ အသီးသီး ကနေ ထပြီး ရပ်ပေး ဖယ်ပေးကြပါတယ်။
သို့သော် ဆရာက အစီအစဥ် ကိုကြည့်လိုက်တော့ ထိုင်ခုံက အပို မရှိဘူး။ ထိုင်နေတာကလည်း အပြည့်ဆိုတော့ ဆရာက ဖယ်ပေးကြသည့် မိမိ ၏တပည့် ဘယ်အာလင်မ် ၏ ထိုင်ခုံပေါ် မှာ မထိုင်ဘဲ ကော်ဇောပေါ် ထိုင်လိုက်တယ်။ ဆရာ ကော်ဇော ပေါ် ထိုင်တာလည်း မြင်ရော တပည့် အာလင်မ် အားလုံးက ဒုတိယ ပုံ ပါ အတိုင်း အားလုံး ထိုင်ခုံပေါ်ကနေ ဆင်းပြီး ဆရာကို ရိုသေလေးစား တန်ဖိုးထားပြီး ကော်ဇော ပေါ် လိုက်ထိုင် ပေးကြတယ်။
ဤမြင်ကွင်းက ရိုးရှင်းပေးမဲ့ ကျနော်တို့ ကို သင်ခန်းစာတွေ စံနမူနာတွေ သံဝေဂတွေအများကြီး သင်ပေးနေပါ တယ်။ အချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁) စစ်မှန် သည့် တပည့်တွေ ဟာ မိမိ ဆရာသမားကို လေးစားတန်ဖိုးထားတယ်။ရိုသေကြပါတယ်။
(၂) စစ်မှန်သည့် ဆရာ ကလည်း ငါဆရာဆိုပြီး အခွင့်အရေးမယူဘူး။ မိမိနောက်ကျမှ ရောက်လာသည့် အတွက် ရသည့် နေရာထိုင်တယ်။
(၃) အာလင်မ် စစ်ရင် တပည့်နေရာ က ဖြစ်စေ၊ဆရာနေရာကဖြစ်စ ခုံမလုသည့် အပြင် မိမိနေရာကိုတောင် စတေးကြတယ်ဆိုတဲ့ အချက်ပါပဲ။
ကျနော်တို့အားလုံး သံဝေဂယူ သင်ခန်းစာယူပြီး စံထား၍ လက်တွေ့ လိုက်နာ နိုင်ကြပါစေ။
.......................................................
END / 251