အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Irna သတင်းဌာန ၏ အစီရင်ခံစာ အရ ဇီယွန်ဝါဒီ အကြမ်းဖက်အစိုးရသည် ဆီးရီးယားရှိ အကြမ်း ဖက်သမားများ နှင့် သူပုန်များနှင့် ဆက်နွှယ်မှုမရှိကြောင်း ယခင်က ငြင်းဆိုခဲ့သော်လည်း တဲလ်အဗစ်က နောက်ဆုံးတွင် ယင်းဆက်သွယ်မှုကို ဝန်ခံ မှုပြုခဲ့ပါတယ်။
ဂျေရုဆလင်ကို သိမ်းပိုက်ထားတဲ့ ဇီယွန်အစိုးရရဲ့ စစ်ပွဲဝန်ကြီး Israel Katz က တနင်္လာနေ့ ညနေမှာ တဲလ်အဗစ် သည် ဆီးရီးယားရှိ ဗရှားရ်ရိုလ်အစဒ် အစိုးရအား Hayat Tahrir al-Sham (HTS) ဟိုင်အသ် သဲဟ်ရီး ရွန်ရှ်ရှမ်း သက္က်ဖီးရီ သူပုန်များ၏ ဖြုတ်ချမှုနောက်ကွယ်တွင် ရှိနေခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
ပြီးနောက် "ကျွန်ုပ်တို့သည် ဟားမတ်စ်ကို အနိုင်ယူပြီး၊ ဟစ်ဘွလ္လာဟ် ကို အနိုင်ယူပြီး၊ အစဒ် အစိုးရကို ဖြုတ်ချခဲ့သည်" ဟု Israel Katz က ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၊ အီစ္စမာအီ ဟနီယေဟ် နှင့် ယဟ်ယာ အက်စ်စနဝါရ် တို့လို ခေါင်းဆောင်များ ကို သတ်ခဲ့ သလို ယီမင် ဟူသီ ခေါင်းဆောင် များကို လည်း သတ်မည် ဟု Israel Katz ကကြုံးဝါး ပြောကြားခဲ့ပါတယ်။
.......................................................
END / 251