၂၅ ဒီဇင်ဘာ ၂၀၂၄ - ၀၄:၃၂
  အလ်ကစာမ် တပ်မဟာ သည် နယ်ချဲ့ အစ္စရေး စစ်သားများစွာကို ခြုံခိုတိုက်ခိုက် သုတ်သင် + ဗီဒီယို

အလ်ကစာမ် တပ်မဟာသည် ဂါဇာမြောက်ပိုင်းတွင် ခြုံခိုတိုက်ခိုက်ခဲ့မှုကြောင့် အစ္စရေး ဇီယွန်ဝါဒီ စစ်သားအများအပြား သေဆုံးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNA သတင်းဌာန ၏ အစီရင်ခံစာ အရ Izzuddin Qasam Brigade သည် "အဆိပ်ပြင်းမြွေအမဲလိုက်ခြင်း" အမည်ရှိ ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။

အသ်ဇွဒ်ဒီးန် ကစာမ် တပ်မဟာ သည် "အဆိပ်ပြင်းမြွေအမဲလိုက်ခြင်း" အမည်ရှိ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။ဤ ဗီဓီယို တွင် ဘိုက်သိုလာဟီယာ ရှိ အလ်သအ်လင်းမ် လမ်းဆုံတွင် ဟားမတ်စ်၏ မိုဂျာဟစ်ဒ်ဒီးန် များသည်  အစ္စရေး ဇီယွန်ဝါဒီစစ်သားများကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး ၎င်းတို့ကို သတ်ဖြတ်ခဲ့သည်ကို တွေ့မြင်နိုင်ပါတယ်။

ယင်းနောက်တွင် ကြိုတင်တပ်ဆင်ထားသည့် မြေမြှုပ်မိုင်းများကို ဖောက်ခွဲကာ အဆင့်နှစ်ဆင့်ဖြင့် နဘ်ချဲ့ အစ္စ ရေး စစ်သားများကို သေဆုံးစေခဲ့ပါတယ်။ ဤသည်မှာ ထူးခြားသော ဗီဒီယိုတစ်ခုဖြစ်ပါတယ်။

ဂါဇာတွင် ၄၄၅ ရက်ကြာ ကျူးကျော်မှုများ ဖြတ်သန်းခဲ့သော်လည်း ဇီယွန်အစိုးရသည် ဟားမတ်စ်များကို ချေမှုန်းနိုင်ခြင်း မရှိ သလို မိမိတို့၏ အကျဉ်းသားများကို လွှတ်ပေးရန် ကိုလည်း မစွမ်း နိုင်ကြောင်း မှတ်သားရမည် ဖြစ်ပါတယ်။

.......................................................

END / 251