၂၇ ဒီဇင်ဘာ ၂၀၂၄ - ၁၇:၁၇
ပါရှန်ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီသည် နှုတ်ဆိတ်နေခြင်း မပြုတော့ဘဲ  အကြမ်းဖက် ဇီယွန်ဝါဒီ အစိုးရကို ရှုတ်ချ

ပါရှန်ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ၀န်ကြီးများသည် လက်ဘနွန်အပေါ် ဇီယွန်အစိုးရ၏ တိုက်ခိုက်မှုများကို ရှုတ်ချခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehrnews  အစီရင်ခံစာ အရ ကူဝိတ်၌ ကျင်းပသည့် ၄၆ ကြိမ်မြောက် အရေးပေါ်အစည်းအဝေးတွင် လက်ဘနွန်နိုင်ငံ၌ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီအဖွဲ့ဝင် နိုင်ငံခြား ရေးဝန်ကြီးများက အလေးပေး ပြောကြားခဲ့ကြပါတယ်။

ပါရှန်ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် နိုင်ငံခြားရေးဝန်ကြီး များသည် လက်ဘနွန်လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ပံ့ပိုးပေးရန် အရေးကြီးကြောင်းနှင့် လက်ဘနွန်စစ်တပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ အခန်းကဏ္ဍကို အလေးထားပြီး လက်ဘနွန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များကို အပြည့်အဝအကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ပါတယ်။


 

ဤထုတ်ပြန်ချက်တွင် ပါလက်စတိုင်းနယ်စပ်ရှိ ဇီယွန်စစ်အစိုးရမှ ဆီးရီးယားနှင့် ပါလက်စတိုင်းနယ်စပ်ရှိ ကြားခံဇုန်အား သိမ်းပိုက်ခြင်းများကို ပါရှန်ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများက ရှုတ်ချခဲ့ပါတယ်။

ပါလက်စတိုင်းပြည်သူများအတွက် ၎င်းတို့၏ အမြဲတမ်းထောက်ခံမှု ရပ်တည်ချက်ကိုလည်း အလေးပေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။ ပါရှန်ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ၀န်ကြီးတွေကလည်း ဆီးရီးယား အပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်း ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

 

ဇီယွန်ဝါဒီအစိုးရနှင့် လက်ဘနွန်နိုင်ငံတို့ကြား အပစ်အခတ်ရပ်စဲရေးကို နိုင်ငံတကာမှ ဖျန်ဖြေရေး ကြိုးပမ်းမှုများ ပြုလုပ်ပြီးနောက် နိုဝင်ဘာ ၂၇ ရက်က သဘောတူညီချက်ကို ဇီယွန်ဝါဒီအစိုးရက အကြိမ်ကြိမ် ချိုးဖောက်ခဲ့ပါတယ်။

.......................................................

END / 251