အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လက်ဘနွန် တွင် အီရန်လေကြောင်းခရီးစဉ်များကို ရပ်တန့်ပြီးနောက်တွင် တူရကီသည်လည်း ဘေရွတ်မြို့တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ တွင် ကြီးကျယ်စွာ ပြုလုပ်မည့် ကြံ့ကြံ့ခံ တော်လှန်ရေး ခေါင်းဆောင် ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၏ ဈာပန ကို လူများမတက်ရောက်နိုင်စေရန် မိမိ ၏လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းလိုက်ပါတယ်။
တူရကီ ၏ ၎င်း သစ္စာဖောက်သည့် လုပ်ရပ်မှာ အလ္လာဟ် ကို ကြောက်ရမည့် အစား တမန်တော် မြတ် ကြီး မိုဟမ္မဒ် (ဆွ) ၏ မျက်နှာတော် ကို ထောက်ရမည့် အစား နယ်ချဲ့ အစ္စရေး ကို ကြောက်၍ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။
နယ်ချဲ့ အစ္စရေး နှင့် မဟာမိတ်များ သည် ကြံ့ကြံ့ခံ တော်လှန်ရေး ခေါင်းဆောင် ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် အား မည်မျှ အထိ ကြောက်ပြီး မုန်းတီးသည်ဆိုလျင် စျာပန တောင် လွတ်လပ်စွာ မလုပ်နိုင်အောင် နည်းစုံ လမ်းစုံ ဖြင့် မအောင်မြင်မည့် ကြိုးပမ်းမှု ပြုနေပါတယ်။
အမှန်ဆိုလျင် စွန်နီ အုပ်ချုပ်သည့် တူရကီ အနေဖြင့် စွန်နီ မဇ်လူးမ် ပါလက်စတိုင်းများ အတွက် ရပ်တည်ပေးရင်း အသက်စတေး သွားသည့် ရှီအဟ် အာဇာနည် ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၏ စျာပန အစီအစဥ် အား အင်တိုက် အားတိုက် ကူညီ ပေးရမည် ဖြစ်ပါတယ်။
တူရကီကဲ့သို့ သစ္စာဖောက် မွတ်စလင်မ် နိုင်ငံများကြောင့် ယနေ့ အမေရိကန် နှင့် နယ်ချဲ့ အစ္စရေးတို့သည် ခေါင်းထောင်နိုင်ပြီး မွတ်စလင်မ်များ ကို အနိုင်ကျင့်နေခြင်း ရက်ရက်စက်စက် သတ်ဖြတ်နေခြင်း ဖြစ်ပါတယ်။
.......................................................
END / 251
