အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏အဆိုအရ ဇိုလ်ဖေကာရ် စစ်ရေးလေ့ကျင့်မှုသည် အီရန်နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်း အနီးတွင် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။
ယခု အခါသမယ တွင် ဗိုလ်မှူးချုပ် အလီ ရေဇာ ရှိက်ခ် က Yak-130 ဂျက်တိုက်လေယာဉ်များသည် ပူးတွဲ လေ ကြောင်း စစ်ဆင်ရေးတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့ပြီး ၎င်းတို့၏ ခေတ်မီထူးခြားသော စွမ်းရည်များကို ပြသခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။
ယခုလေ့ကျင့်မှုတွင် Yak-130 တိုက်လေယာဉ်များ ပါဝင်ခြင်းသည် လေတပ်၏ စွမ်းဆောင်ရည်ကို ပြသသည့် မှတ်တိုင်တစ်ခုဟု ယူဆကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
အဆိုပါတိုက်လေယာဉ်သည် ၎င်း၏ခေတ်မီဒီဇိုင်းနှင့် မြင့်မားသော စစ်ဆင်ရေးစွမ်းရည်များဖြင့် ၎င်း၏ ပွဲဦးထွက်တွင် စွဲမက်ဖွယ်ကောင်းသော စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ကြောင်း စစ်ဘက်ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
.......................................................
END / 251
