အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Rossiya El Youm ၏ အဆိုအရ အဆိုပါ ပိုစတာအား « ကွတ်စ်ဒ် လမ်း ၏ အာဇာနည် ခေါင်းဆောင်ကြီးများ ၏ အမည်များ » ခေါင်းစဉ်ဖြင့် ထုတ်ဝေခဲ့ပြီး အထက်တွင် ဟစ်ဘွလ္လာဟ် ၏ အာဇာနည် ခေါင်းဆောင်ကြီး ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် နှင့် ဟစ်ဘွလ္လာဟ် ၏ အမှုဆောင် ကောင်စီ အကြီးအကဲ ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် တို့ ၏ ဓာတ်ပုံ ဖြစ်ပါတယ်။
ဟစ်ဘွလ္လာဟ် ၏ အာဇာနည် ခေါင်းဆောင်ကြီး ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် သည် ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး တစ်ပတ်ခန့်အကြာတွင် ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန်သည် လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရခြင်း ဖြစ်ပါတယ်။
အဗ်ဒိုလ်မွန်အန်မ် ကရ်ကီ ၊ ဖိုအာဒ် ရှကရ်၊ နဘီးလ် ကာဝူက် နှင့် ဟစန် သွဝီးလ် တို့၏ ရုပ်ပုံများကို နောက်အတန်းတွင် မြင်တွေ့ရပါတယ် ။ ဤပိုစတာတွင် ပုံများ နှင့် တစ်ကွ အမည်များ ထုတ်ဝေသည့် တပ်မှူး စုစုပေါင်းမှာ ၃၅ ဦးဖြစ်ပါတယ်။

ဤလုပ်ရပ်မျိုးအား တရားသော စစ်ကို ဆင်နွဲနေသူများသာလုပ်ရဲသည့် လုပ်ရပ်ဖြစ်ပါတယ်။ နယ်ချဲ့ အစ္စရေး နှင့် မဟာမိတ်များ နှင့် ဤကဲ့သို့ မိမိတို့၏ တိုက်ပွဲတွင် ကျသွားသည့် အကြီးအကဲများ ၊ ဗိုလ်များ ကို တပ်မှူးများကို တရားဝင် ထုတ်ပြန် ကြေညာ သည့် သတ္တိမရှိကြချေ။
တရားသည့် စစ်ကို စစ်နွဲသူများ မဇ်လူးမ်များ (အဖိနှိပ်ခံများ) ဘက်မှ ရပ်တည်သူများသည် မည်သည့်အခါ မှ မိမိတို့ ရန်သူများ ၏ အကြီးအကဲများ စတင်လုပ်ကြံသတ်ဖြတ်ခြင်း မပြုကြချေ။ စစ်မြေပြင်တွင် ရှင်း ကြပါ တယ်။ မတရားသူများ နှင့် နယ်ချဲ့ ကျူးကျော်သူများ ၊ လူအခွင့်အရေး ချိုးဖောက်သူများ သည်သာ မိမိတို့ ရန်သူများ ၏ အကြီးအကဲများ အရေးကြီး ပုဂ္ဂိုလ်များ ကို သစ္စာဖောက် အားကိုး ပြီး လုပ်ကြံ သတ်ဖြတ်ကြ ခြင်း လုပ်ရပ်ကို လုပ်ကြပါတယ်။
.......................................................
END / 251
