၂၆ ဖေဖော်ဝါရီ ၂၀၂၅ - ၁၉:၂၈
ဆီးရီးယားနိုင်ငံ ဒရ်အာ  မြို့အစွန်တွင်ရှိသော သစ်လ် မြို့သို့ အစ္စရေးတပ်ဖွဲ့ဝင်များ ဘာမှ တိုက်စရာမလိုဘဲ ဝင်ရောက် လာ

ဆီးရီးယားနိုင်ငံ ဒရ်အာ မြို့အစွန်တွင်ရှိသော သစ်လ် မြို့သို့ အစ္စရေးတပ်ဖွဲ့ဝင်များ ဘာမှ တိုက်စရာမလိုဘဲ ဝင်ရောက် လာပြီး ဆီးရီးယား နိုင်ငံအား တဖြည်းဖြည်းသိမ်းတော့မည် ဖြစ်ပါတယ်။ ဒါပေမဲ့ ဘနီအိုမိုင်ယဟ် နောက်လိုက် စွန်နီအစွန်းရောက် ဂျောင်လာနီ ကတော့ ဘီဘီဇိုင်နဗ် (စ.အ) ရောင်ဇာတော် အား တားဆီးပိတ်ပင်ရန် အလုပ်များနေကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဇီယွန်ဝါဒီစစ်တပ်သည် ဆီးရီးယား တွင် ကြံ့ကြံ့ခံ ခုခံ တိုက်မည်သူများမရှိသည့် အတွက် ဒရ်အာ  မြို့အစွန်တွင်ရှိသော သစ်လ် မြို့သို့ ချီတက် ဝင်လာပြီး  ဆီးရီးယားတောင်ပိုင်းအားလုံးကို သိမ်းပိုက်  မည်ဖြစ် ကြောင်း အီရန် အူရ်ဒူ သတင်းဌာန ၏ တင်ပြချက်အရ သိရပါတယ်။

ဒါပေမဲ့  အစဒ် အစိုးရ ၏ စစ်တပ် ၏ ကြံ့ကြံ့ခံ တိုက်ခံမှု ကို ရင်မဆိုင်ရဘဲ ဆီးရီးကို အလိုတကူ သိမ်းခဲ့သည့် ဘနီအိုမိုင်ယဟ် နောက်လိုက် စွန်နီအစွန်းရောက် ဂျောင်လာနီ  နဲ့ နောက်လိုက် သက္က်ဖီးရီးများ ကတော့ ရှီအဟ် မွတ်စလင်မ်များ နှင့် အစွန်းမရောက် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကိုအမုန်း မထားသည့် စွန်နီ မွတ်စင်မ်များ အလေးမြတ်ထားသည့် ဇေယာရသ် လာပြုကြသည့် ဘီဘီဇိုင်နဗ် (စ.အ) ရောင်ဇာတော် အား တားဆီးပိတ်ပင်ရန် အလုပ်များနေကြပါတယ်။

ဤအတွက်ကြောင့် ဟစ်ဘွလ္လာဟ် ၏ အာဇာနည် ခေါင်းဆောင်ကြီး ရှဟီးဒ် H.I  ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ်   မိန့်ကြားခဲ့သည့် စကားဟာ ဆီးရီးယား နိုင်ငံ နှင့် ပြည်သူများ အတွက် ရာနှူန်းပြည့် မှန်နေတာ ကို တွေ့နိုင်ပါတယ်။

ရှဟီးဒ် မိန့်ခဲ့သည်မှာ - ကြံ့ကြံ့ခံ ခုခံမှုကြောင့် ကုန်ကျရမည့် စရိတ် ( ဆုံးရှုံးရမည့် အသက်‌၊သွေး၊ ပစ္စည်းဥစ္စာများ စသည်) သည် လက်နက်ချခြင်း ကြောင့် ကုန်ကျရမည့် စရိတ် ( ဆုံးရှုံးရမည့် အသက်‌၊သွေး၊ ပစ္စည်းဥစ္စာများ စသည်) ထက် များစွာနည်းပါပေသည် ဟု ဖြစ်ပါတယ်။

ကမ္ဘာသူ၊ကမ္ဘာသားများ အထူးသဖြင့် မွတ်စလင်မ် များ အားလုံး အမှန်တရား ကို သိမြင်ပြီး အားပေး ၊ လျှောက်လှမ်း နိုင်ကြပါစေ ။ ကူညီ ဖေးမ ရပ်တည် ပေးနိုင်ကြပါစေ။

.......................................................

END / 251