အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နယ်ချဲ့ ဇီယွန်စစ်အစိုးရက ၄၄ နှစ်ကြာ ဖမ်းဆီးချုပ်နှောင်ထားခဲ့သော ပါလက်စတိုင်း စစ်သုံ့ပန်းဟု အမည်ပြောင်ပေးထားသည့် နာအေလ် အလ်ဗရ် ဂေါင်စီ သည် အကျဉ်းသားလဲလှယ်မှု၏ သတ္တမအဆင့်တွင် လွန်ခဲ့သည့် မိနစ်အနည်းငယ်က လွတ်မြောက်လာခဲ့ကြောင်း သိရပါတယ်။
နာအေလ် အလ်ဗရ် ဂေါင်စီ သည် ခရစ်ကက္ကရာဇ် ၁၉၇၈ ခုနှစ် (အီရန်သက္ကရာဇ် ၁၃၅၆ ခုနှစ် ) တွင် မိမိ ၏ဝမ်းကွဲ ညီအစ်ကို နှင့် အတူအသက် ၁၉ နှစ်အရွယ်တွင်ပထမဆုံးဖမ်းဆီးခံခဲ့ရပါတယ်။
ထင်ရှားသော ပါလက်စတိုင်း တော်လှန်ရေးသမားများ အလ်ဗရ် ဂေါင်စီ မိသားစုမှ နာအေလ် အလ်ဗရ် ဂေါင်စီ သည် ခရစ် သက္ကရာဇ် ၁၉၈၇ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ ရပြီးနောက် ထောင်ဒဏ် ၃၃ နှစ် ကျခံခဲ့ရပြီး ဇီယွန်ဝါဒီ စစ်သား Gilad Shalit ကို လွတ်ပေးရန်အတွက် လဲလှယ်မှုဖြင့် ခရစ် သက္ကရာဇ် ၂၀၁၁ ခုနှစ်တွင် အစ္စရေး အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။
သူသည် ဖသ်ဟ် မြို့တွင် ရုန်းကန်မှုစတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် လွတ်မြောက်လာပြီးနောက် ဟားမတ်စ်အဖွဲ့နှင့် ပူးပေါင်းကာ ၂၀၁၄ ခုနှစ်တွင် အစ္စရေးအစိုးရ၏ ထပ်မံဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
နယ်ချဲ့ ဇီယွန်ဝါဒီမီဒီယာများ၏ ဖော်ပြချက်အရ နာအေလ် အလ်ဗရ် ဂေါင်စီ အား အီဂျစ်ပြည်သို့ ပြည်နှင် ဒဏ်ပေး မည်ဖြစ်ပြီး ပါလက်စတိုင်းကို နေခွင့် မရ ဟု ပြုမည် ဖြစ်ပြီး ၎င်း၏မိသားစုမှ ပြည်နှင်ဒဏ် ပေးမှုကို ဆန့်ကျင် နေချိန်လည်း ဖြစ်ပါတယ်။
ဇီယွန်ဝါဒီအစိုးရသည် ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ်လဲလှယ်မှုတွင်လွှတ်ပေးခဲ့သော ယဟ်ယာ အက်စ်စနဝါရ် ၏ အတွေ့အကြုံကြောင့် အကြိမ်ကြိမ် စိုးရိမ်ပူပန်နေကြပါတယ်။
ထို့ကြောင့် ပါလက်စတိုင်း နိုင်ငံရေးနေရာမှ ထင်ရှားကျော်ကြားပြီး သြဇာကြီးမားသော အကျဉ်းသားများကို နယ်ချဲ့ အစ္စရေး မှ အီဂျစ်၊ ကာတာနှင့် တူရကီ နိုင်ငံများ သို့ ပို့လိုသော်လည်း အဆိုပါ အကျဉ်းသားများသည် မိမိ တို့၏ မွေးရပ်မြေမှ အပ အခြား နိုင်ငံများသို့ ထွက်ခွာရန် ဆန္ဒမရှိ ကြောင်း သိရပါတယ်။
.......................................................
END / 251
