အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မိုကမေ မိုအဇန်းမ် ရဲဟ်ဗရ်ရီ ၏ လကြည့် အသင်း မှ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် မိုဝဟစ်ဒ်နေဂျာဒ် မှ ဗီဒီယို ကလစ် တစ်ခုတွင်သောကြာနေ့ညနေပိုင်းတွင် နိုင်ငံအနှံ့အပြားရှိ အဖွဲ့ပေါင်း ၁၀၀ ခန့်သည် ရမ်ဇာန်လခြမ်းကို ကြည့်ရှုရန် ထွက်ခွာကြမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ဆက်လက်ပြီး ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်က သောကြာညမှာ လခြမ်းကို မြင်နိုင်ခြေ အားနည်းတဲ့အတွက် ပြက္ခဒိန်မှာ ဖော်ပြထားတဲ့အတိုင်း စနေနေ့ သည် ရှအ်ဗာန် လ ၏ ၃၀ ရက်နေ့ဖြစ်ပြီး တနင်္ဂနွေနေ့ သည် ရမ်ဒွါန် လမြတ်ရဲ့ ပထမနေ့ဖြစ်တဲ့ ဖြစ်မယ်လို့ မျှော်လင့်ထားကြောင်း ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် မိုဝဟစ်ဒ်နေဂျာဒ် မှ ဆိုထားပါတယ်။
Iranian Amateur Astronomy Association မှ ပြောရေးဆိုခွင့်ရှိသူ ကာဇင်းမ် ကူကရမ် က ဒီနှစ် ရှအ်ဗာန် လ ၏၂၉ ရက်နေ့ (သောကြာနေ့ ညနေ) မှာ ခက်ခဲပြီး စိုးရိမ်ရတဲ့ လခြမ်းနဲ့ ရင်ဆိုင်နေရကြောင်း ဘာကြောင့်လဲဆိုတော့ လခြမ်းက နေဝင်ချိန်မှာ အရမ်းထူပြီး စောင့်ကြည့်ရခက် ကြောင်း မီဒီယာ အချို့ကို ပြောကြားခဲ့ပါတယ်။
.......................................................
END / 251
