အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
إنَّ أبوابَ السَّماءِ تُفتَحُ فی أوَّلِ لَیلَةٍ مِن شَهرِ رَمَضانَ ولا تُغلَقُ إلی آخِرِ لَیلَةٍ مِنه ۔
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« လမြတ် ရမ်ဒွါန် ၏ ပထမညတွင် ကောင်းကင်တံခါးများကို ဖွင့်ထားပြီး ဤလမြတ် ၏နောက်ဆုံးညအထိ မပိတ်ဘဲ ရှိပေ သည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၁ ၊ စာမျက်နှာ ၂၇၈
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့် လမြတ် ရမ်ဒွါန် ၏ ပထမညတွင် ကောင်းကင်တံခါးများကို ဖွင့်ထားပေးတော်မူ ပြီး ဤလမြတ် ၏ နောက်ဆုံး ညအထိ မပိတ်ဘဲ ထားတော်မူပါတယ်။ ဤ အတွက် ကြောင့် ဤလမြတ် အား တန်ဖိုး ရှိ အကျိုးအမြတ် အပြည့်အဝ ရအောင် အသုံး ပြုနိုင်အောင် ကြိုးစားရမည် ဖြစ်ပါတယ်။ တစ်နည်း အား ဖြင့် အလ္လာဟ် ဟို အရှင်မြတ် ဤ လမြတ် တွင် တောင်းဆိုမည့် ရှရီအီ ဒိုအာ များကို လက်ခံ တော် မူမည် ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment