၂၅ အောက်တိုဘာ ၂၀၂၅ - ၂၂:၄၅
အပြစ်ရောဂါအတွက် ကုထုံး

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အပြစ်ရောဂါအတွက် ကုထုံး နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂိုရရိုလ်ဟေကမ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال امیرالمؤمنين علیه السلام:

الذُّنوبُ الدّاءُ، وَ الدَّواءُ الاِستِغفارُ، وَ الشِّفاءُ أن لا تَعودَ..

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« ဂိုနာဟ် (ခ) အပြစ် ဆိုတာ ရောဂါတစ်ခုဖြစ်ပါသည်။ ၎င်းအား ကုစားနည်းကတော့ အစ်သစ်ဂ်ဖာရ် (ခွင့်လွတ်ပေးရန် အသနားခံခြင်း)  ဖြစ်ပါသည်။ ၎င်း အတွက် ရှေဖာ (ပျောက်ကင်းခြင်း ) မှာ နောက်တစ်ကြိမ် ဂိုနာဟ် ကို ထပ်မကျူးလွန် ခြင်း ဖြစ်ပါသည်။  »

ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ကျမ်း ၊ ဟဒီးစ်တော်အမှတ် ၁၈၉၀

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် ဂိုနာဟ် (ခ) အပြစ် ဆိုတာ ရောဂါတစ်ခုဖြစ် ကြောင်း ကို သိထားရမည် ဖြစ်ပါတယ်။   အသိဉာဏ် ရှိသူ မည်သူမဆို ရောဂါ ဖြစ်လာ လျင် အမြန် ဆုံး ကုသ ကြမည် ဖြစ်ပါတယ်။ ဤ အတွက် ဂိုနာဟ် ကို ကုသ နည်း  မှာ စိတ်ရင်း နှင့် အစ်သေဂ်ဖာရ် ပြုရမည် ဖြစ်ပါတယ်။ နောင်တ ရပြီး နောက် ထပ်မကျူးလွန်တော်ပါဘူးဆိုသည့် ဆုံးဖြတ်ချက်ဖြင့် အစ်သေဂ် ဖာရ် ပြုရမည် ဖြစ်ပါတယ်။  ဤ ဂိုနာဟ် အတွက် ရှေဖာ (ပျောက်ကင်းခြင်း ) မှ နောက်ထပ် ဤ ဂိုနာဟ် အား ထပ်၍ မကျူးလွန် ခြင်း မပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဤအတွက် ကြောင့် တစ်ဦး တစ်ယောက် အနေဖြင့်  ဂိုနာဟ် ကျူးလွန် မည် ပြီးနောက် အစ်သေဂ် ဖာရ် ပြုမည်။ အစ်သေဂ် ဖာရ် ပြုပြီးလျက် ထပ်ပြီး ဤ ဂိုနာဟ် ကို ကျူးလွန် နေ မည် ဆိုလျင် ဤ ဂိုနာဟ် သည် မပျောက်ကင်းသေးကြောင်း သေချာနေပြီး ဖြစ်ပါတယ်။ ဤအတွက် ကြောင့် သေချာ ပျောက်ကင်း အောင် အထူး ကြိုးစားရမည် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် အေမာမ် ဇိုင်နိုလ် အာဗေဒီးန် (အ.စ) ၏ သွန်သင် ဆုံးမ ချက်အရ အစ်သေဂ် ဖာရ် ပြု ချိန် ဤ ဂိုနာဟ် အားထပ်၍ မကျူးလွန်အောင် အင်အား နှင့် စွမ်းအား အလ္လာဟ် ချီးမြှင့် ရန် အတွက် တောင်းဆို ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha