အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂိုရရိုလ်ဟေကမ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال امیرالمؤمنين علیه السلام:
الذُّنوبُ الدّاءُ، وَ الدَّواءُ الاِستِغفارُ، وَ الشِّفاءُ أن لا تَعودَ..
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ဂိုနာဟ် (ခ) အပြစ် ဆိုတာ ရောဂါတစ်ခုဖြစ်ပါသည်။ ၎င်းအား ကုစားနည်းကတော့ အစ်သစ်ဂ်ဖာရ် (ခွင့်လွတ်ပေးရန် အသနားခံခြင်း) ဖြစ်ပါသည်။ ၎င်း အတွက် ရှေဖာ (ပျောက်ကင်းခြင်း ) မှာ နောက်တစ်ကြိမ် ဂိုနာဟ် ကို ထပ်မကျူးလွန် ခြင်း ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ကျမ်း ၊ ဟဒီးစ်တော်အမှတ် ၁၈၉၀
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် ဂိုနာဟ် (ခ) အပြစ် ဆိုတာ ရောဂါတစ်ခုဖြစ် ကြောင်း ကို သိထားရမည် ဖြစ်ပါတယ်။ အသိဉာဏ် ရှိသူ မည်သူမဆို ရောဂါ ဖြစ်လာ လျင် အမြန် ဆုံး ကုသ ကြမည် ဖြစ်ပါတယ်။ ဤ အတွက် ဂိုနာဟ် ကို ကုသ နည်း မှာ စိတ်ရင်း နှင့် အစ်သေဂ်ဖာရ် ပြုရမည် ဖြစ်ပါတယ်။ နောင်တ ရပြီး နောက် ထပ်မကျူးလွန်တော်ပါဘူးဆိုသည့် ဆုံးဖြတ်ချက်ဖြင့် အစ်သေဂ် ဖာရ် ပြုရမည် ဖြစ်ပါတယ်။ ဤ ဂိုနာဟ် အတွက် ရှေဖာ (ပျောက်ကင်းခြင်း ) မှ နောက်ထပ် ဤ ဂိုနာဟ် အား ထပ်၍ မကျူးလွန် ခြင်း မပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဤအတွက် ကြောင့် တစ်ဦး တစ်ယောက် အနေဖြင့် ဂိုနာဟ် ကျူးလွန် မည် ပြီးနောက် အစ်သေဂ် ဖာရ် ပြုမည်။ အစ်သေဂ် ဖာရ် ပြုပြီးလျက် ထပ်ပြီး ဤ ဂိုနာဟ် ကို ကျူးလွန် နေ မည် ဆိုလျင် ဤ ဂိုနာဟ် သည် မပျောက်ကင်းသေးကြောင်း သေချာနေပြီး ဖြစ်ပါတယ်။ ဤအတွက် ကြောင့် သေချာ ပျောက်ကင်း အောင် အထူး ကြိုးစားရမည် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် အေမာမ် ဇိုင်နိုလ် အာဗေဒီးန် (အ.စ) ၏ သွန်သင် ဆုံးမ ချက်အရ အစ်သေဂ် ဖာရ် ပြု ချိန် ဤ ဂိုနာဟ် အားထပ်၍ မကျူးလွန်အောင် အင်အား နှင့် စွမ်းအား အလ္လာဟ် ချီးမြှင့် ရန် အတွက် တောင်းဆို ရမည် ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment