အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆိုက်ဘာတိုက်ခိုက်မှုသည် ပြီးခဲ့သောလတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အီရန် ဟက်ကာများသည် အစ္စရေးရဲတပ်ဖွဲ့၊ ပြည်တွင်း လုံခြုံရေးဝန်ကြီးဌာနနှင့် လုံခြုံရေးကုမ္ပဏီများထံမှ အရေးကြီးသောအချက်အလက်များကို ဟက်ပြု လုပ်၍ ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရပါတယ်။
ထို့အပြင် သိမ်းပိုက်ထားသော ပါလက်စတိုင်းတွင် အစ္စရေး လက်နက်ကိုင်ဆောင်သူ ၁၀၀၀၀ ကျော်၏ အထောက် အထား နှင့် လိပ်စာများကိုလည်း အတိအကျ ပေါက်ကြား အောင် ဟက်ပြုထားပြီး ဖြစ်ကြောင်း သိရှိရပါတယ်။
အစ္စရေး နှင့် အမေရိကန် ပြီးနောက် ၎င်းတို့၏ မဟာမိတ်များ အကြောက်ဆုံး အချက်မှာ အီရန် သည် သူတို့ထက် သာသွားပြီး သို့မဟုတ် ၎င်းတို့ အနိုင်ကျင့် ဗိုလ် ကျမှု ကို အဖြေပေးလာမည် ကို ဖြစ်ပါတယ်။ ယခုလည်း ဤီရန် သည် ၎င်းတို့၏ အနိုင်ကျင့် ဗိုလ်ကျနေမှုကို သွယ်ဝိုက် အဖြေပေးနေပြီး ဖြစ်ပါတယ်။ ဤအတွက်လည်း အီရန် နိုင်ငံ သည် နျူကလီးယား လက်နက်မပိုင်ဆိုင်ရန် ၊ အီရန် ငွေတန်ဖိုး လုံးဝ ကျသွားအောင် ကြိုးပမ်းနေပြီး မတရားသည့် ပိတ်ဆို့မှု အမျိုးမျိုးကို ပြုလုပ်နေခြင်းဖြစ် ပါတယ်။ ပြီးနောက် အီရန် နှင့် ဆက်သွယ် မည့် နိုင်ငံများကိုလည်း ငြိမ်းခြောက်နေခြင်း ဖြစ်ပါတယ်။ ထိုကြောင့် နိုင်ငံ အများစု သည် အီရန် နှင့် ဆက်သွယ် ရေးလုပ်ချင်သော်လည်း ၎င်းတို့ကို ကြောက်၍ နှုတ်ဆိတ်နေကြပြီး အီရန်နှင့်မဆက်သွယ်ဘဲ နေနေကြပါတယ်။
ယခုလည်း ကောက်ကျစ် မှု အသစ်ပြုလုပ်ရန် အီရန် နှင့် ညှိနှိူင်း ဆွေးနွေးဖို့ အမေရိကန် သမ္မတ မှ အကြောင်းပြလာပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှလည်း အမေရိကန် ၏ စိတ်ဓာတ် အမှန် နှင့် ရည်ရွယ်ချက် အစစ် ကို သိသည့် အတွက် ပြတ်ပြတ်သားသားပယ်ချခဲ့ပါတယ်။ ဤနေရာတွင် မှတ်သားစရာ တစ်ခု မှာ အီရန် သည် ရုရှား နှင့် တရုတ် ကြောင့် အမေရိကန် အား ခေါင်းမာပြနေသည်ဟု တစ်ချို့ မီဒီယာ က ဆိုထားပါတယ်။ အမှန်တရား ကတော့ ရုရှား နှင့် တရုတ် မပါဘဲ အီရန် တစ်နိုင်ငံ တည်း အမေရိကန် နှင့် အစ္စရေး ကို ကောင်းကောင်း အဖြေပေးနိုင်စွမ်း ရှိသည်ဆိုသည့် အချက်ဖြစ်ပါတယ်။
ယနေ့ ကမ္ဘာပေါ် တွင် မတရား လုပ်ပြီး လူ့အခွင့်အရေး ချိုးဖောက်နေသည့် နိုင်ငံများ မှ ထိပ်ဆုံးတွင် အမေရိကန် နှင့် အစ္စရေး နောက် မဟာမိတ်နိုင်ငံများ ဖြစ်ပါတယ်။ အကြောင်း မှာ ငါတို့ဘဲ နျူကလီးယားလက်နက် ပိုင်ဆိုင်ရမယ်။ ကျန်နိုင်ငံများ အထူးသဖြင့် ငါတို့ ကျွန်မခံသည့် နိုင်ငံများ နျူကလီးယား လက်နက်မ ပိုင်ဆိုင်ရ ဆို သည့် အချက်ပင် ဖြစ်ပါတယ်။
အမေရိကန် နှင့် အစ္စရေး နောက် မဟာမိတ်နိုင်ငံများ၏ အယုတ်မာ တကာ အယုတ်မာဆုံး လုပ်ရပ်တစ်ခု ၊ ဂျင်း တစ်ခု မှာ အီရန် ပြည်သူလူထု အား မိမိတို့ အတူရှိကြောင်း ပြောကြားနေပြီး ဤပြည်သူများ စားဝတ် နေကြေားကြပ်တည်း အောင် ငွေကြေးဖောင်းပွလာမှု နှင့် ရင်ဆိုင် ရ အောင် နောက်ဆုံး မခံနိုင်သည့် အနေအထား ဖြစ်လာပြီး မိမိ အစိုးရအား ပုန်ကန်အောင် လှုပ်ရှားမှုများ ပြုနေပြီး အီရန် အပေါ် စီးပွားရေး ပိတ်ဆို့မှု အမျိုးမျိုးအား မီးကုန်ယမ်းကုန် ပြုနေခြင်း ဖြစ်ပါတယ်။
အနှစ်ချုပ်အားဖြင့် အီရန် နိုင်ငံသည် အေမာမ် ဇမာန်း (အ.ဂျ) ၏ နိုင်ငံ ဖြစ်၍ အေမာမ် (အ.စ) ကိုယ်တိုင် မဆ်လဟသ် အရ ပဲ့ကိုင်နေပြီး ထိန်းသိမ်းစောင့်ရှောက်နေ ခြင်း ဖြစ်ပါတယ်။
.......................................................
END / 251
Your Comment