၁၂ မေ ၂၀၂၅ - ၀၀:၂၄
ပုပ်ရဟန်း မင်းကြီးသစ် ၏ ပထမဦးဆုံး မိန့်ခွန်းမှာ အင်အားကြီးနိုင်ငံများအား  စစ်မဖြစ်သင့်တော့ ကြောင်း မိန့်ကြား

ကက်သလစ်ခရစ်ယာန်များ၏ ခေါင်းဆောင်အသစ် ပုပ်ရဟန်း မင်းကြီးသစ် အမေရိကန် နိုင်ငံ ဖွား ရောဘတ်ပရီဗို့စ် က စစ်ပွဲတွေ ထပ်မဖြစ်သင့်ဘူးလို့ တနင်္ဂနွေနေ့က သူ့ရဲ့ပထမဆုံးသတင်းစကားမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံများကို မိန့်ကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကမ္ဘာ့ကက်သလစ်ဘာသာဝင်များ ခေါင်းဆောင်အဖြစ် ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ဆက်ခံမည့် ပုပ်ရဟန်းမင်းကြီး အသစ်  အမေရိကန် နိုင်ငံ ဖွား ရောဘတ်ပရီဗို့စ် က မေလ ၈ ရက်က ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်တွင် စုဝေးမှုတစ်ခုတွင် ယူကရိန်းမှာ ထာဝရငြိမ်းချမ်းရေး၊ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ အားလုံးကို လွှတ်ပေးစေချင် လိုကြောင်း မိန့် ကြားခဲ့သည် ဟု  IRNA သတင်းဌာနက ဖော်ပြထား ပါတယ်။

ပုပ်ရဟန်းမင်းကြီး အသစ်  အမေရိကန် နိုင်ငံ ဖွား ရောဘတ်ပရီဗို့စ် က ဆက်လက်ပြီး  အိန္ဒိယနှင့် ပါကစ္စတန်ကြား အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုခဲ့ပြီး ကမ္ဘာကြီးအား ငြိမ်းချမ်းခြင်း၏ အံ့ဖွယ်အမှုကို ပေးအပ်ရန် ဘုရားသခင်ထံ ဆုတောင်းခဲ့ကြောင်း မိန့်ကြား ခဲ့ပါတယ်။

လူသန်း ၆၀ သေဆုံးခဲ့သည့် ဒုတိယကမ္ဘာစစ်၏ ရှစ်ဆယ်နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ အဆက်မပြတ် မေတ္တာရပ်ခံချက်ကို ထပ်လောင်းမိန့်ကြား ရင်း ယခု အခါ စစ်မဖြစ်သင့်တော့ ကြောင်း မိန့်ကြား ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးသစ် သည် ယူကရိန်းပြည်သူများအပေါ် စာနာကြောင်း ထုတ်ဖော်မိန့် ကြားခဲ့ပြီး ကိယက်ဗ်ရှိ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရေးမှူးများအား ထာဝရ၊ ဆင်ခြင်တုံတရားနှင့် ယုံကြည်စိတ်ချရသော ငြိမ်းချမ်းရေးသို့ ရောက်ရှိရန် တိုက်တွန်းခဲ့ပါတယ်။

ဂါဇာတွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် အလွန်စိတ်မကောင်းဖြစ်ပြီး ဂါဇာရှိ ဇီယွန်ဝါဒီအစိုးရ၏ စစ်ပွဲကို အဆုံးသတ်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခြင်းနှင့် အကျဉ်းသားအားလုံးကို လွှတ်ပေးရေးတို့ကို လိုလားကြောင်း ပုပ်ရဟန်းမင်းကြီး အသစ်  အမေရိကန် နိုင်ငံ ဖွား ရောဘတ်ပရီဗို့စ် က က မိန့်ကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဆက်ခံသူသည် အိန္ဒိယနှင့် ပါကစ္စတန်ကြား အပစ်အခတ် ရပ်စဲရေး အတွက် ဝမ်းမြောက်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး အိမ်နီးချင်း ဖြစ်ပြီး နျူကလီးယား လက်နက် ကိုင်နိုင်ငံ နှစ်ခုကြား ခိုင်မာသော နားလည်မှု ရှိလာစေရန် မျှော်လင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha