၁၃ မေ ၂၀၂၅ - ၂၃:၅၅
ထရမ့် သည် ဆီးရီးယား အပေါ်  ပိတ်ဆို့ အရေးယူမှုများ ကို ရုတ်သိမ်းမည် / အမေရိကန် သမ္မတ ဂျောင်လာနီ နှင့် တွေ့ဆုံမည်

ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများ အပြီးအပြတ် ရုတ်သိမ်းကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် က ကြေညာခဲ့ပါတယ်။

ထရမ့် သည် ဆီးရီးယား အပေါ်  ပိတ်ဆို့ အရေးယူမှုများ ကို ရုတ်သိမ်းမည် / အမေရိကန် သမ္မတ ဂျောင်လာနီ နှင့် တွေ့ဆုံမည်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများ အပြီးအပြတ် ရုတ်သိမ်း ကြောင်း မထင်မှတ်ဘဲ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံကို သွားရောက် လည်ပတ်ပြီး ဆီးရီးယားကြားဖြတ်အစိုးရခေါင်းဆောင် အဲဟ်မဒ် အရှ်ရှရအ် (အဘူမိုဟမ္မဒ် အလ်ဂျောင်လာနီ)  နှင့်  မနက်ဖြန်တွေ့ဆုံမှုမတိုင်ခင်မှာ ဒီဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒမတ်စကတ် က ဤ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး ဒါဟာ သမိုင်းဝင် အလှည့်အပြောင်းတစ်ခုလို့ ဆိုပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင်န် စလ်မာန် နဲ့ ဆွေးနွေးပြီးနောက် ဆီးရီးယားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုအားလုံးကို ရုတ်သိမ်းဖို့ ဆုံးဖြတ်ထားတယ်လို့ ရီယာ့ဒ်မြို့မှာ ကျင်းပတဲ့ ဆော်ဒီ-အမေရိကန် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးမှာ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

ထရမ့်  က ယခုအချိန်သည် ဆီးရီးယားအတွက် ထွန်းလင်းချိန်ဖြစ်ကြောင်း ဤအတွက်ကြောင့် ပိတ်ဆို့ အရေးယူမှု တွေ အားလုံးကို ရပ်ဆိုင်းလိုက်ရခြင်း ဖြစ်ကြောင်း ဆီးရီးယားက ကျွန်တော်တို့ကို အထူးတလည် ပြသနိုင် လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း  ဆီးရီးယားနိုင်ငံသည် ဆင်းရဲဒုက္ခနှင့် သေဆုံးခြင်းများ စွာကို ကြုံတွေ့ခဲ့ရပြီး လက်ရှိ အစိုးရသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြန်လည်ထူထောင်နိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ထရမ့် သည် ဆီးရီးယား အပေါ်  ပိတ်ဆို့ အရေးယူမှုများ ကို ရုတ်သိမ်းမည် / အမေရိကန် သမ္မတ ဂျောင်လာနီ နှင့် တွေ့ဆုံမည်

ဆီးရီးယားအစိုးရ၏ ယာယီနိုင်ငံခြားရေး ဝန်ကြီးဌာနသည် ထရမ့်၏ ပြောကြားချက်ကို ကြိုဆိုခဲ့ပြီး ဆီးရီးယားပြည်သူများ၏ ဆင်းရဲဒုက္ခများ အဆုံးသတ်ရေးအတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဟု ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဆီးရီးယား ယာယီအစိုးရ နိုင်ငံခြားရေး ဝန်ကြီး အစဒ် အရှ်ရှိုင်းဗါနီ က ထရမ့် ၏ ဆုံးဖြတ်ချက်ကို ချီးကျူးပြီး အမေရိကန် သမ္မတ က ဆီးရီးယား ပြည်သူတွေကို မိမိ ထက်  အရင် သမ္မတတွေထက် ပိုပြီး ကမ်းလှမ်းခဲ့ပြီး အခု ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေး အတွက် အခွင့်ကောင်း တစ်ရပ် ရှိဖန်တီးပေးတယ် ဟု ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဆီးရီးယားကြားဖြတ်အစိုးရခေါင်းဆောင် အဲဟ်မဒ် အရှ်ရှရအ် (အဘူမိုဟမ္မဒ် အလ်ဂျောင်လာနီ)  နှင့် မနက်ဖြန်တွင် ရီယာ့ဒ် မြို့  ၌ တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူ တော်အရာရှိ တစ်ဦးက အတည်ပြုပြောကြားခဲ့ပါတယ်။

အဲဟ်မဒ် အရှ်ရှရအ်  သည် နှစ်နိုင်ငံတွေ့ဆုံမှု တွင် ပါဝင်ရန် ဆော်ဒီအာရေးဗီးယားသို့ ခရီး သွားနေကြောင်း ဆီးရီးယားသမ္မတ ၏ သတင်းရင်းမြစ်များက ဖော်ပြထားပါတယ်။

အစောပိုင်းက အဲဟ်မဒ် အရှ်ရှရအ်  နှင့် ဖုန်းခေါ်ဆိုမှုတွင် ဆော်ဒီအိမ်ရှေ့မင်းသားက ဆီးရီးယားတည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် ရီယာ့ဒ် ၏ ထောက်ခံမှုကို ကြေညာခဲ့ပြီး နိုင်ငံ၏စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန် နိုင်ငံရေး နည်းလမ်းများကို အလေးပေးဖော်ပြခဲ့ပါတယ်။

ဒီခြေလှမ်းဟာ ပိတ်ဆို့အရေးယူမှု အပြည့်အဝ ရုပ်သိမ်းရေး လုပ်ငန်းစဉ်ရဲ့ အစပဲလို့ ဆီးရီးယားက မျှော်လင့်နေပါတယ်။ စစ်ပွဲစတင်ပြီးနောက် ၁၄ နှစ်ကျော်ကြာတွင် ဆီးရီးယားစီးပွားရေးသည် အကျပ် အတည်းဖြစ်နေဆဲဖြစ်ပြီး ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ဆီးရီးယားနိုင်ငံ၏ GDP သည် ၂၀၈၀ ခုနှစ်အထိ အကျပ်အတည်းမတိုင်မီအဆင့်သို့ ပြန်လည်ရောက်ရှိရန် မဖြစ်နိုင်ကြောင်း သိရပါတယ်။

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ပိတ်ဆို့အရေးယူမှုအချို့ကို ဖြေလျှော့ပေးခဲ့သော်လည်း ၎င်းတို့၏ အပြည့်အဝရုပ်သိမ်းမှုသည် ဆီးရီးယားပြည်တွင်းရေးမူဝါဒများ အထူးသဖြင့် လူ့အခွင့်အရေးနှင့် အကြမ်းဖက်မှု တန်ပြန်ရေး ကဏ္ဍများတွင် အပြောင်းအလဲများအတွက် အခြေအနေတစ်ရပ်ဖြစ် ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha