၁၆ မေ ၂၀၂၅ - ၁၁:၁၉
ဇီယွန်ဝါဒီ အကျဉ်းသားများ၏  ဘဝတွေဟာ နေတန်ယာဟုအတွက် အရေးမကြီးကြောင်း ဟားမတ်စ်ပြောကြား

စစ်ပွဲကို အပြီးတိုင်အဆုံးသတ်ရန်နှင့် ဂါဇာကမ်းမြှောင်မှ သိမ်းပိုက်ထားသူများကို အပြီး အပြတ်ဆုတ်ခွာရန် မိမိတို့ ၏အဓိကအခြေအနေများကို အလေးပေးကာ ဟားမတ်စ်လှုပ်ရှားမှုက ကြေညာခဲ့ပြီး နေတန်ယာဟုသည် အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသားလဲ လှယ်ရေး သဘော တူညီချက် ကို ရရှိရန် ကြိုးပမ်းမှုများကို ချေမှုန်းခဲ့ပြီး ဇီယွန်ဝါဒီအကျဉ်းသားများ၏ ဘဝနှင့် ကံကြမ္မာကို ဂရုမစိုက် ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပါလက်စတိုင်း ဟားမတ်စ် လှုပ်ရှားမှု သည် ဇီယွန်ဝါဒီ အစိုးရ နှင့် အပစ်အခတ် ရပ်စဲရေး လမ်းကြောင်း ပေါ်ရှိ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ၏  ဖြိုခွင်းမှု နှင့် ပတ်သက်၍ မိမိတို့ ၏ ကြေငြာချက် အသစ်တွင် သိမ်းပိုက် ထားသောအစိုးရသည် ဂါဇာကမ်းမြောင်ဒေသအပေါ် ရန်စမှုများ ပြင်းထန်လာခြင်းဖြင့် သဘော တူညီချက် တစ်ရပ်ရရှိရန် ဖျန်ဖြေသူများ၏ ကြိုးပမ်းမှု ရှေ့ တွင် တားဆီး  ရပ်တည်နေပြီး နေတန်ယာဟုသည် အစ္စရေးအကျဉ်းသားများ၏ ကံကြမ္မာကို လျစ်လျူရှုကာ အဆုံးမဲ့စစ်ပွဲကို ကြိုးပမ်း လျက်ရှိကြောင်း ကြေငြာ ခဲ့ပါတယ်။

ဆက်လက်ပြီး ဟားမတ်စ်က စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်ကို ပြန်လည်ထူထောင်ရန် စေ့စပ်ညှိနှိုင်းရေး ပါတီများ အများအပြား ကြိုးပမ်းနေချိန်တွင်၊ သိမ်းပိုက်သူများသည် အပြစ်မဲ့ အရပ်သားများကို စစ်ရေးအရ ကျယ်ကျယ်ပြန့်ပြန့် ဗုံးကြဲခြင်းဖြင့် အပြစ်မဲ့ အရပ်သားများကို စစ်ရေးအရ ဖိအားပေးခြင်းဖြင့် ဖျန်ဖြေသူများ၏ ကြိုးပမ်းမှုများကို အနှောင့်အယှက်ပေးကာ မိမိတို့၏ အခြေအနေများကို ငြှိမ်းသတ်ရန် အပူတပြင်း ကြိုးပမ်းနေကြကြောင်း ပြောကြား ခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲကို တစ်ကမ္ဘာလုံးက မြင်ချင်ကြပြီး စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်၏ ပန်းတိုင်မှာ ရှင်းလင်းပြတ်သားပြီး တသမတ်တည်းဖြစ်သည်၊ ရန်လိုမှုများကို ရပ်တန့်ရန်နှင့် စစ်ပွဲကို အပြီးတိုင် အဆုံးသတ်ရန်၊ ဂါဇာမှ သိမ်းပိုက်ထားသော တပ်များကို ရုပ်သိမ်းရန်နှင့် အကျဉ်းသားများကို လွတ်ပေး ရန်ဖြစ်ပါတယ်။ သို့သော် နေတန်ယာဟုသည် အဆုံးမဲ့စစ်ပွဲကို လိုလားပြီး ဂါဇာရှိ ဇီယွန်ဝါဒီ အကျဉ်းသား များ ၏ ကံကြမ္မာကို ဂရုမစိုက်ကြောင်း ထင်ရှား စွာ တွေ့မြင် နေရပါတယ်။

ဟားမတ်စ်က ထပ်လောင်းအလေးပေးပြီး နေတန်ယာဟုသည် ဇီယွန်ဝါဒီ အကျဉ်းသားများ၏ အသက်နှင့် ပြန်အလာကို ဂရုပြုပေးရမည့် နောက်ဆုံးလူဖြစ်သော်လည်း ၎င်း၏ လူသတ်မှုနှင့် ရာဇ၀တ်မှုဆိုင်ရာ စိတ်ဓာတ် ဖြင့် ပါလက်စတိုင်းပြည်သူများကို ခြိမ်းခြောက်ရုံသာမက ဒေသတွင်းနှင့် ကမ္ဘာတစ်ခုလုံးအတွက်ပါ အမှန် တကယ် အန္တရာယ်ရှိကြောင်း သက်သေပြ နေပြီး ဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။

အနှစ်ချုပ်အားဖြင့် နေတန်ယာဟုသည် ဟားမတ်စ် နှင့်  လုံးဝ စစ်ပြေ ငြိမ်းမည့်သူ မဟုတ်ချေ။ အကြောင်း မှာ စစ်ပြေငြိမ်းတာ နဲ့ မိမိ ၏ အကျင့်ပျက် ခြစားမှုများ အတွက် အစ္စရေး တရားရုံး တွင် တရား ရင်ဆိုင်ရပြီး အာဏာ လက်လွတ်ပေးရမည် အတွက် ကြောင့် ဖြစ်ပါတယ်။

နေတန်ယာဟု ဒဏ် ကို အစ္စရေး ပြည်သူများ နှင့် ပါလက်စတိုင်း ပြည်သူများ မည်သည့်အချိန် အထိ ခံရမည် ကို အချိန်ကသာ အဖြေပေးမည် ဖြစ်ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha