အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဆော်ဒီ ၊အမေရိကန် ၊ အစ္စရေးနှင့် မဟာမိတ်တွေကတော့ အင်အားကြီးနိုင်ငံရေးပါတီ တစ်ခုဖြစ်တဲ့ အန်ဆွာ လွလ္လာဟ် ကို ဟိုသီရှီအိုက်(ရှီအာ) သူပုန် ဟု မဟုတ် မတရားစွပ်စွဲပြီး မိမိတို့ အစေခံ မီဒီယာတွေမှာ ဖော်ပြနေပါတယ်။ ဤအမြင်အရ စွပ်စွဲချက်အရဆို နိုင်ငံတိုင်း နိုင်ငံတိုင်း၏ လက်ရှိ အစိုးရ ကို ဆန်ကျင့်တဲ့ ပါတီမှန် သမျှ အဖွဲ့အစည်းမှန်သမျှ ၊ပြိုင်ဖက်မှန် သမျှ သူပုန်တွေ အကြမ်းဖက်တွေ လို့ ပြောရတော့မည် ဖြစ်ပါ တယ်။
ယီမင်နိုင်ငံ ရှိ ဟိုသီ ဇိုင်ဒီ ရှီအိုက် (ရှီအာ) ဦးဆောင်တဲ့ အန်ဆွာလွလ္လာဟ် အဖွဲ့ ဆိုတာ ယီမင်ပြည်သူ လူထု ၏ လူမျိုးပေါင်းစုံ ဖေရ်ကာပေါင်းစုံပါဝင်နေတဲ့ နိုင်ငံရေးပါတီတစ်ခု ဖြစ်ပြီး မိမိနိုင်ငံကို မိမိတို့ ကိုယ်တိုင် လွတ်လပ်စွာ အုပ်ချုပ်လိုတဲ့ လူတန်းစားတွေ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ ချုပ်ချယ် ချုပ်ကိုင်လို့မရမည်ကို စိုးရိမ်ပြီး ဆော်ဒီ ၊အမေရိကန် ၊ အစ္စရေးနှင့် မဟာမိတ်တွေက အန်ဆွာလွလ္လာဟ် အဖွဲ့ ကို ကမ္ဘာ္ပ က အထင်မှားအောင် သူပုန် ဟုသုံးစွဲနေခြင်းဖြစ်ပါတယ်။
အလ်အာလန်မ် သတင်းဌာန ၏ သတင်းထုတ်ပြန်ချက်အရ လူထု အခြေပြု ညွန့်ပေါင်း အဖွဲ့ နှင့် ဆော်ဒီ ရာဇဝတ်မှုများကို မှတ်တမ်းတင်အဖွဲ့ တို့ မှ ပြီးခဲ့သည့် အပတ် ကြာသပတေးနေ့သတင်းစာရှင်းလင်း ပွဲတွင် အစီရင် ခံစာ တစ်ခု ကို ထုတ်ပြန် ကြေငြာခဲ့ပါတယ်။
၎င်းအစီရင်ခံစာ အရ ဆော်ဒီတို့၏ ၃၅ရက်အတွင်း လေကြောင်း ကျူးကျော် တိုက်ခိုက်မှု ပေါင်း ၄၂၀၀ ကို ပြုခဲ့ ကြောင်း ၊တိုက်ခိုက်မှုများမှာလည်း ယီမင် စစ်တပ်၏ အခြေချနေရာများ မဟုတ်ကြောင်း ၊ပြည်သူလူထု အခြေချ သည့် နေရာ များကို တိုက်ခိုက်ခဲ့ ကြောင်း ဖော်ပြထားပါတယ်။
ဆက်လက်ပြီး ဆော်ဒီစစ်တပ်၏ ကျူးကျော် တိုက်ခိုက် မှုကြောင့် ယီမင်နိုင်ငံသား သတင်း ထောက် ၄ ဦး နှင့် ကြက်ခြေနီ အသင်းမှ ၄ ဦး သေဆုံးခဲ့ရကြောင်းဖော်ပြထားပါတယ်။
လူထု အခြေပြု ညွန့်ပေါင်း အဖွဲ့ နှင့် ဆော်ဒီ ရာဇဝတ်မှုများကို မှတ်တမ်းတင်အဖွဲ့ တို့၏ ပဏာမ စာရင်းများ အရ အယောက် ၁၃၆၀ ဦး သေဆုံး ခဲ့ပြီး ၃၃၆၅ ဦး ဒဏ်ရာ ရ ခဲ့ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဤသေဆုံးခဲ့သူများ အထဲမှာ ကလေး၄၃၅ ယောက် ၊ အမျိုးသမီး ၃၂၇ ဦး ပါဝင်နေကြောင်း ကြေငြာခဲ့ပါတယ်။
ဆက်လက်ပြီး ဆော်ဒီလေကြောင်းတိုက်ခိုက်မှုသည် ယီမင် ကယ်ဆယ်ရေး ပစ္စည်းတင် လေယာဉ်များကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ဖြစ်ပါတယ်။
ဆော်ဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ကျောင်းပေါင်း ၃၅ ကျောင်း ၊ ဆေးရုံးပေါင်း ၂၆ရုံး ၊ ဗလီပေါင်း ၂၅ လုံး လေဆိပ်ပေါင်း ၁၀ ခု ၊ ရှေ့ ဟောင်း အမွေအနှစ်ယဉ်ကျေးမှု ရှိတဲ့ နေရာ ၁၀နေရာ ကို ဖျက်စီးသွားခဲ့ရ ကြောင်း လူထု အခြေပြု ညွန့်ပေါင်း အဖွဲ့ နှင့် ဆော်ဒီ ရာဇဝတ်မှုများကို မှတ်တမ်းတင်အဖွဲ့ မှ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။
လူထု အခြေပြု ညွန့်ပေါင်း အဖွဲ့ နှင့် ဆော်ဒီ ရာဇဝတ်မှုများကို မှတ်တမ်းတင်အဖွဲ့ ၏ ထုတ်ပြန်ချက်အရ နျူကလီးယား ကျွမ်းကျင်သူများ ၏ ထောက်ခံချက်အရ စာနအာမြို့ အပေါ် ဆော်ဒီ အာရေဗျ ၏ ဗုံးကြဲ တိုက်ခိုက်မှုတွင် ရေဒီယို သတ္တိကြွပစ္စည်းများ ပါဝင်နေကြောင်း သိရှိရပါတယ်။
ယီမင်နိုင်ငံ ၏ ဟိုဂျဟ်မြို့ သည်လည်း တစ်မြို့ လုံးနီးပါး ဖျက်စီး သွားကြောင်း ဆက်လက်ဖော်ပြထားပါတယ်။
-------------------------------------------------------
251 / End