အဲဟ်လေ့ဘိုက် (သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
မဲဟ်သတင်းဌာန မှ ပါလက်စတိုင်း သတင်းဌာန အလ်မေနာ မှတဆင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဆော်ဒီ နိုင်ငံဖက် မှ ယီမင် နိုင်ငံ အပေါ် လေကြောင်း စစ်ဆင်ရေးတွင် ဆော်ဒီ နိုင်ငံ သားများ မဟုတ်သည့် နိုင်ငံခြား သား လေယာဉ် မှူး ၄၇ ဦးပါဝင် ကြောင်း သိရပြီး ၎င်းတို့ အထဲ မှ ပါကစ္စတန် လေယာဉ်မှူး ၆ ဦးပါဝင် တိုက်ခိုက် နေကြောင်း ထုတ်ဖော်ကြေညာထားပါတယ်။
ဆော်ဒီအစိုးရ အနေဖြင့် ပါကစ္စတန် နိုင်ငံ နှင့် တစ်ချို့ အာရပ်နိုင်ငံများ ထံမှ လေကြောင်းတိုက်ခိုက်ရေး အတွက် လေယာဉ်မှူးများကို ပို့ပေးရန် တောင်းဆိုခဲ့ပါတယ်။ အဆိုပါတောင်းဆိုတဲ့ နိုင်ငံများမှလည်း မိမိတို့ ၏ လေယာဉ်မှူး ၄၇ ဦး ကို ဆော်ဒီ သို့ စေလွတ်ပေးခဲ့ပါတယ်။
၎င်းတို့ အထဲ မှ ပါကစ္စတန် လေယာဉ်မှူး ၆ ဦးပါဝင်ပြီး အခြားတဖက်မှလည်း တိုက်လေယာဉ်များနှင့် တိုက်လေယာဉ်သုံး လက်နက်များ ကို အစ္စရေး မှ စီစဉ်ပေး နေကြောင်း သတင်းရရှိပါတယ်။
--------------
251 / End