၃၁ မေ ၂၀၁၅ - ၁၈:၄၃
 အမြန်လမ်းတွင် Elite ခရီးသည်တင်ယာဉ် တိမ်းမှောက် ငါးဦးသေ၊ ၁၅ ဦးဒဏ်ရာရ

ရန်ကုန်-ပြင်ဦးလွင် ပြေးဆွဲနေသည့် Elite ခရီးသည် တင်ယာဉ်သည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၃၅၇) တွင် ရှိသော တံတားဦး မြို့ဆုံကုန်း အဝိုင်းကို ဝင်တိုက်မိ၍ တိမ်း မှောက်သွားပြီး ခရီးသည် ငါးဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရ ခဲ့ကြောင်း သတင်းရရှိသည်။ မေလ ၃၁ ရက် နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် ခရီးသည် ၃၅ ဦး လိုက်ပါလာကာ အမျိုးသား တစ် ဦးနှင့် အမျိုးသမီးလေးဦး နေရာ တွင်ပင် သေဆုံးသွားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန
ရန်ကုန်-ပြင်ဦးလွင် ပြေးဆွဲနေသည့် Elite ခရီးသည် တင်ယာဉ်သည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၃၅၇) တွင် ရှိသော တံတားဦး မြို့ဆုံကုန်း အဝိုင်းကို ဝင်တိုက်မိ၍ တိမ်း မှောက်သွားပြီး ခရီးသည် ငါးဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရ ခဲ့ကြောင်း သတင်းရရှိသည်။
မေလ ၃၁ ရက် နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် ခရီးသည် ၃၅ ဦး လိုက်ပါလာကာ အမျိုးသား တစ် ဦးနှင့် အမျိုးသမီးလေးဦး နေရာ တွင်ပင် သေဆုံးသွားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။
ရန်ကုန်-ပြင်ဦးလွင်ပြေးဆွဲ နေသော Elite ခရီးသည်တင်ယာဉ်မှာ ရန်ကုန်မှ မန္တလေးသို့ အမြန်လမ်းအတိုင်း မောင်းနှင်နေစဉ် တံတားဦးမြို့ဆုံကုန်း အဝိုင်းတည့်တည့်ကို ဝင်ရောက်တိုက်မိခြင်း ဖြစ်ကြောင်း အခင်းဖြစ်ရာနေရာသို့ သွားရောက်စစ်ဆေးခဲ့သည့် ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘အမြန်လမ်းအတိုင်း တည့် တည့်ကြီးကို ဝင်သွားတာပါ၊ အဝိုင်းကို ငိုက်ပြီးပါသွားတယ်ဆိုမှကွာ ဟန်ချက်က မောင်းနေတဲ့အတိုင်းပဲ သွားနေပြီးတော့တည့်တည့်ကြီး ဒုန်းခနဲတိုက်တော့ အရှိန်ပြင်းပြင်းနဲ့ လူတွေထိတာပေါ့’’ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

ရန်ကုန်−မန္တလေး အမြန်လမ်းတွင် ရန်ကုန်−ပြင်ဦးလွင်ပြေးဆွဲသော Elite ခရီးသည်တင်ယာဉ် လမ်းလယ်အဝိုင်းကို တိုက်မိကာ တိမ်းမှောက်ပြီးနောက် မေလ ၃၁ ရက်က တွေ့ရစဉ် (Yangon-Mandalay Expressway)



ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ပြီးနောက် Elite ခရီးသည်တင်ယာဉ်လိုင်းက ခရီးသည်များ အတွက် ဝမ်းနည်းကြောင်းနှင့် လိုအပ်သော တာဝန်ယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ယာဉ်မှာလည်း တံတားဦးအဝိုင်းကို ပြောင်းပြန်ပတ်လာသော ဆိုင်ကယ်ဟုယူဆရသည့် ယာဉ်တစ်စီးကို တိမ်းရှောင်လိုက်ရာမှ တံတားဦးအဝိုင်းကို ဝင်ရောက်တိုက်မိကာ တိမ်းမှောက်ခြင်းဖြစ်ကြောင်း ယာဉ်လိုင်း၏ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် ယာဉ်လိုင်းနှင့် အ ဝေးပြေး လုပ်ငန်းရှင်များအသင်း က သေဆုံးသူ ငါးဦးအတွက် လတ်တလော ထောက်ပံ့ငွေအဖြစ် ကျပ် ၁၅ သိန်းစီနှင့် ဒဏ်ရာရသူများ အား ကျပ်ငါးသောင်းစီ ထောက်ပံ့ ထားကြောင်းလည်း ထပ်မံထုတ် ပြန်သည်။
Elite ခရီးသည်တင်ယာဉ် လိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ် ဝင်းသီတာက တံတားဦးအဝိုင်းသို့ မရောက်မီ ၇ မိုင်အလို၌ ခရီး သည်နှစ်ဦး ဆင်းသွားပြီး ဆက် လက်မောင်းနှင်လာသောကြောင့် ယာဉ်မောင်း အိပ်ငိုက်ခြင်း မရှိဟု အခိုင်အမာ ပြောနိုင်ကြောင်းပြောကြားသည်။

တိမ်းမှောက်နေသော ခရီးသည်တင်ယာဉ်ကို ထူမနေစဉ် (Yangon-Mandalay Expressway)


‘‘ကားပေါ်မှာပါတဲ့သူ အား လုံးပေါင်း ၃၅ ယောက်ပါ။ (၂၈၅) မိုင်မှာ ကားသမား ချိန်းတယ်။ ကားသမားချိန်းပြီးတော့ မိုင်တိုင် (၃၅၀)မှာ လူနှစ်ဦးဆင်းပါတယ်။ လူနှစ်ဦး ဆင်းတယ်ဆိုတဲ့ အ တွက်ကြောင့် ကားသမားက ၇ မိုင် တည်းနဲ့တော့ ကားရဲ့အရှိန်နဲ့ အိပ် ငိုက်စရာမရှိဘူးလို့ ကျွန်တော်တို့ က အကြွင်းမဲ့ ယုံကြည်တယ်ပေါ့ နော်’’ဟု ဒေါ်ဝင်းသီတာက ပြော သည်။
စစ်ဆေးရေးပြုလုပ်ခဲ့သည့် အမြန်လမ်းအင်ဂျင်နီယာတစ်ဦး က ယာဉ်မှာ တံတားဦးအဝိုင်းကိုတည့်တည့်ဝင်တိုးမိသည့် အနေ အထားမှ ရုတ်တရက် ညာဘက် သို့ ဆွဲကွေ့လိုက်ပြီး ယာဉ်ဘယ်ဘက်ခြမ်းဖြင့် အဝိုင်းပတ်တစ် လျှောက် တရွတ်ဆွဲသွားသည့် အ ခြေအနေဖြစ်သွားကြောင်း ပြောသည်။ ယာဉ်ခေါင်းပိုင်းဘယ်ဘက်တွင် ထိခိုက်မှုများပြီး ဘယ်ဘက် ပိုင်းသို့ပင် လဲကျခဲ့ခြင်းဖြစ်သည်။ ယာဉ်လိုင်းတာဝန်ရှိသူများက ယာဉ်မောင်းကို ရဲတပ်ဖွဲ့သို့ လာရောက်အပ်နှံခဲ့ပြီး အမြန်လမ်းရဲတပ်ဖွဲ့က ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄ (က) တို့ဖြင့် အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။
ဒဏ်ရာရသူများအနက် ခရီး သည် ၁၀ ဦးသည်ဆေးရုံမှ ဆင်းသွားပြီဖြစ်ပြီး မေလ ၃၁ ရက် ညအထိ ခရီးသည်အမျိုးသားငါးဦး မန္တလေးဆေးရုံကြီးတွင် မစိုးရိမ်ရအခြေအနေဖြင့် ကုသမှုခံယူနေဆဲဖြစ်ကြောင်း ဒေါ်ဝင်းသီတာ က ပြောသည်။
----------------------------------
251 / End