၂ ဇွန် ၂၀၁၅ - ၁၄:၂၈
 ဆော်ဒီ ဘုရင် ရှီအာအာဇာနည်တို့၏ မိသားစု ဝင်များကို ဘာကြောင့်ဝမ်းနည်းကြောင်း မပြော ရပါ သနည်း ?

ဆော်ဒီ ဘုရင် အနေဖြင့် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသည့် ရှီအာအာဇာနည်တို့၏ မိသားစု ဝင်များကို ဘာကြောင့်ဝမ်းနည်းကြောင်း မပြောရပါသနည်း ? ဆိုသည်အမေးအတွက် အဖြေမှာ ရှင်းနေပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဆော်ဒီ ရှိရှီအာ အများစုနေထိုင်သည့် ကသီးဖ်ပြည်နယ်၏ အလ်ဂိုဒိုင်ဟ် မြို့ ရှိ အေမာမ်အလီ(အ.စ) မစ်ဂျစ်ဒ်တွင် သောကြာနမာဇ် အတွင်း ဆော်ဒီမွေး သက္က်ဖီးရီးဝဟာဘီ ဆော်ဒီနိုင်ငံ သား တစ်ဦး ၏ အသေခံဗုံးဖောက်ခွဲမှု ကြောင့် အယောက်၃၀ ထက်မနည်း ရှဟီးဒ်ဖြစ်သူများ ကိုဆော်ဒီ လက်ရှိ ဘုရင် စလ်မာန်ဗင် အဗ်ဒွလ်အဇီးဇ် အနေဖြင့် ရှဟီးဒ် ဖြစ်သည်ဟု မသတ်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။
ဤဘုရင်အနေဖြင့် လူမဆန်စွာ အသတ်ခံခဲ့ရသည့် နမာဇ်ဝတ်ပြုသူများကို ရှဟီးဒ် အဖြစ် လက်မခံသည့် အပြင် လူမူရေး အရ သေဆုံးသွားသူများ၏ မိသားစု ဝင်များ ထံသို့ ဝမ်းနည်းကြောင်း သတင်း ပေးပို့ခဲ့ခြင်းမရှိကြောင်း သိရှိခဲ့ရပါတယ်။
သို့သော်၎င်းအနေဖြင့် ဆော်ဒီ အိမ်ရှေ့ မင်းသား မိုဟမ္မဒ်ဗင်နာယေဖ် အား ဤအကြမ်းဖက်မှု တွင်ပါနေသူ မှန် သမျှ ၊ကူညီပေးသူမှန်သမျှနှင့် အချိတ် အဆက်ရှိသူမှန်သမျှ ကို မလွဲမသွေ ပြစ် ဒဏ်ပေး နိုင်ရန် အမိန့် ထားပြီး ဖြစ်ကြောင်းလည်း သတင်းရရှိထားပါတယ်။
ဆော်ဒီ မီဒီယာ (ဝါစ်) မှဆော်ဒီဘုရင်၏ အစီရင်ခံစာကိုထုတ်ပြန် ကြေညာခဲ့ပါတယ်။ အလ်ကဒီးဟ် ရွာလေးရှိ ဗလီ တွင် ဖြစ်ပွားခဲ့သည့် ဤ မသန့်တဲ့ အကြမ်းဖက်မှု ကြောင့် အပြစ်မဲ့ သူများ အသက်စ တေး ခံခဲ့ကြရ ကြောင်း ၊ဤအတွက် ဝမ်းနည်းမိကြောင်း၊ ပြီးနောက် အစ္စလာမ် သာသနာတော်၏ တန်ဖိုးနှင့် လူအခွင့်အရေး ကို ဆန်ကျင့်နေသည့် လုပ်ရပ် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဤအကြမ်းဖက်မှုသည်ပြီးခဲ့သည့် အပတ်သောကြာနေ့တွင် ဖြစ်ပွားခဲ့ပြီး ဆော်ဒီ မီဒီယာ (ဝါစ်) ၏ သတင်းအရ အယောက်၂၀ နီးပါး ရှဟီးဒ် ဖြစ်ခဲ့ပြီး အယောက် ၁၀၀ နီးပါး ဒဏ်ရာ ရခဲ့ကြောင်း သိခဲ့ရပါတယ်။
ဆော်ဒီရှီအာများ အနေဖြင့် ဤအကြမ်းဖက်မှု ၏အခြေခံ အရင်းအမြစ်ဖြစ်သည့် သက်သေ အထောက်အထားများမှ တစ်ခု မှာ ဝဟာဘီ သာသနာပြု များ ၊ သက္က်ဖီးရီး မဒဲရ်ဆာများ နှင့် ဆော်ဒီ ရှေ့ ဆောင်ဆရာ များ၊ ဆော်ဒီ အိုလမာတို့၏ ဟောပြောမှုများကြောင့် ဖြစ်ကြောင်း သိရှိ နားလည် ထားကြပါတယ်။
ဝဟာဘီ အတွေးအခေါ်များကို ဖြန့်ဝေခြင်း ၊ရှီအာ မွတ်စလင်မ်များကို ကာဖေရ် ဟု ဖသ်ဝါ ပေးခြင်း ၊ ဤ အတွေး အခေါ် နှင့် ဖသ်ဝါ ကို အခြား အရပ်နိုင်ငံများ အထိ ပြန့် ပြီးအားကောင်းလာစေရန် ကြိုးပမ်းခြင်းတို့ကို ဆော်ဒီ ဝဟာဘီများ ပြုလုပ်နေပါတယ်။
ရှီအာမွတ်စလင်မ်များနှင့်ဆန်ကျင့်သည့် လှုပ်ရှားမှုများ ၊ဝဟာဘီနှင့် သက္က်ဖီးရီးဝါဒ ဖြန့်ဝေ မှု ကိစ္စများကိုဆော်ဒီ အာဏာပိုင်များမှ မသိချင်ယောင်ဆောင်နေပြီး အတူလက်တွဲလှုပ်ရှားလျက်ရှိ ကြောင်း သက်သေ အထောက်အထား အများ အပြား အရ ပြောဆို နိုင်ပါတယ်။
============================
251 / End