အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ရစာ သတင်းဌာန ၏ သတင်းထုတ်ပြန်ချက်အရ လက်ဘနွန် နိုင်ငံ အခြေစိုက် ဟေစ်ဘွလ္လာဟ် အဖွဲ့ ဒုတိယ အထွေထွေ အတွင်းရေးမှူး ချုပ် တစ်ဦး ဖြစ်သူ ဟွဂ်ျဂျသွလ်အစ္စလာမ် ရှိက်္ခနအီးမ် ကာစင်မ် အနေဖြင့် ဆီးရီးယား အစိုးရ အား မိမိ နိုင်ငံ အတွင်း ရှိ သောင်းကြမ်းသူ အစွန်းရောက် သူပုန်များ နှင့် ရင်ဆိုင်နိုင်ရန် လုံလောက်သည့် အင်အားရှင် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။
၎င်းအနေဖြငိ့် ဆက်လက်ပြီး ဆီးရီးယား နိုင်ငံသည် လက်ရှိ အခြေအနေမှ အန္တရာယ် ကနေထွက် သွား နိုင်ပြီး ဖြစ်ကြောင်း ၊ ဆီးရီးယား အစိုးရ ပြုတ်ကျဖို့ ဆိုတာ မဖြစ် နိုင်တော့ ကြောင်း ၊ အီရတ် နှင့်ဆီးရီယား နိုင်ငံ ရှိ အကြမ်းဖက်သမားများသည် ဆိုက်ယူနစ် (ဆီယွန်ဝါဒီ ) အစိုးရ၏ လက်မောင်း ဖြစ် ကြောင်း ၊ ဆီးရီးယား နိုင်ငံ တွင် အကြမ်းဖက်သမားများ နှင့် ဟေစ်ဘွလ္လာဟ် အဖွဲ့ မှရင်ဆိုင် တိုက်ပွဲ ဝင်ခြင်း၊ဆိုက်ယူနစ် (ဆီယွန်ဝါဒီ ) အစိုးရ ကိုဆန်ကျင့် တော်လှန်ခြင်း သည် ဟေစ်ဘွလ္လာဟ် အဖွဲ့ ၏ ကြိုးပမ်းနေသည့် အရေးကြီး ကဏ္ဍ များမှ တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဟွဂ်ျဂျသွလ်အစ္စလာမ် ရှိက်္ခနအီးမ် ကာစင်မ် အနေဖြင့် ဒါအေရှ် (ခ) IS အဖွဲ့ နှင့် ဟေစ်ဘွလ္လာဟ် အဖွဲ့ တို့ ကွာခြားပုံကို တင်ပြဝေဖန်ပြခဲ့ ပါတယ်။ ဒါအေရှ် (ခ) IS အဖွဲ့ ကတော့ ထိုးစစ် ဆင်ဖို့ ရန်ပြုဖို့ မတရားသိမ်းပိုက်ရေး ကို လုပ်နေတဲ့ အဖွဲ့ ဖြစ်ကြောင်း ၊ ဟေစ်ဘွလ္လာဟ် အဖွဲ့ကတော့ (အစ္စရေး လက်အောက်မှ မွတ်စလင်မ်များ ) လွတ်လပ်ရေး ရယူနိုင်ဖို့ ကြိုးပမ်း လမ်းခင်းနေသည့် အဖွဲ့ ဖြစ်ကြောင်း ဤ အတွက် ကျူးကျော်သူနှင့် လွတ်လပ်ရေး ရအောင်ပြုပေးသူ အမြောက်အများ ကွာဟမှု၊ ကွာခြားမှုရှိ ကြောင်း ပြောကြားခဲ့ ပါတယ် ။
လက်ဘနွန် နိုင်ငံ အခြေစိုက် ဟေစ်ဘွလ္လာဟ် အဖွဲ့ ဒုတိယ အထွေထွေ အတွင်းရေးမှူး ချုပ် တစ်ဦး ဖြစ်သူ H.I ရှိက်္ခနအီးမ် ကာစင်မ် အနေဖြင့် ဆက်လက်ပြီး ပြောကြားထား ပါတယ် ။ အိုရ်စာ တောင်ဒေသ နှင့် အလ်ဇာ ဗေဒါနီ ဒေသ ရှိ အကြမ်းဖက် အစွန်းရောက် များ ကို ဝိုင်းရံထား ပြီး ဖြစ် သဖြင့် ၎င်း အစွန်း ရောက် သူပုန်များ ဘာမှ လုပ်နိုင်တော့ မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
================
251 / End