အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး ရေဘေးအန္တရယ်ကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုအနက် ၁၁ ခုတွင် ရေကြီးရေလျှံမှုများကြုံတွေ့နေရကြောင်း သတင်းရရှိပါသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုအနက် ရန်ကုန်တိုင်းဒေသကြီး၊ တင်္နသာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှအပ ကျန်ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၁ ခုတို့တွင် ရေဘေးအန္တရယ်များ တွေ့ကြုံနေရခြင်းဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ် ၂ ပတ်ခန့်မှစ၍ ရေကြီးရေလျှံမှုများ၊ တောင်ပြို မြေပြိုမှုများဖြစ်ပွားကာ ပြည်သူလူထု သိန်းဂဏာန်းပမာဏမှာ ရေဘေးအန္တရယ်နှင့် ရင်ဆိုင်နေရသည်။ အရေးပေါ်အကူအညီများ အလျင်အမြန်လိုအပ်နေပြီဖြစ်သည်။





သို့သော် ယခုဖြစ်ပေါ်နေသော ရေဘေးဒုက္ခနှင့်ပတ်သက်၍ (၁) ရေဘေးအန္တရယ်ကြောင့် သေဆုံးခြင်း၊ ပျောက်ဆုံးခြင်းအပါအ၀င် ယခုဖြစ်စဉ်နှင့်ပတ်သက်သော အချိန်မီသတင်းထုတ်ပြန်မှု အားနည်းခြင်း (၂) ရေဘေးအန္တရယ်အတွက် အချိန်မီ ကြိုတင်ကာကွယ်နိုင်သော အစီအမံနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေခြင်း (၃) လိုအပ်သော ကူညီထောက်ပံ့မှုများနှင့် ရေဘေးဒုက္ခသည်များအတွက် ပြန်လည်ထူထောင်ရေး အစီအမံများ အားနည်းနေခြင်း စသည့် အစိုးရ၏ နှောင့်နှေးနေမှုများအပေါ် ဝေဖန်မှုများရှိနေသည်။ ယခုဖြစ်ပေါ်နေသော ရေဘေးအန္တရယ်ကြောင့် ဒါဇင်နှင့်ချီသော လူများ ပျောက်ဆုံးခြင်းနှင့် သေဆုံးခြင်းများ ရှိနေကြောင်း စုံစမ်းသိရှိရပါသည်။ (အသေးစိတ်သတင်းအချက်အလက်များ ဆက်လက်ဖော်ပြသွားပါမည်)
===================
251 / End