အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ယူကရိန်း နိုင်ငံအရှေ့ပိုင်းမှာ သြဂုတ် ၁၇ ရက်နေ့က လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှု ၃ နေရာ ဖြစ်ပွာခဲ့ပြီး လူ ၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။
နိုင်ငံအရှေ့တောင်ပိုင်းက မာရီယူပိုဆိပ်ကမ်းမြို့အနားမှာ သြဂုတ် ၁၇ ရက်နေ့က ခွဲထွက်ရေးသူပုန်တွေက ပစ်ခတ်လိုက်တဲ့ အမြောက်ကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၂ ဦးနဲ့ ယူကရိန်းတပ်ဖွဲ့ဝင် ၂ ဦးတို့ သေဆုံးခဲ့ပါတယ်။
အသက် ၁၀ နှစ်အရွယ် ကလေး ၁ ဦး အပါအ၀င် ဒဏ်ရာရရှိသူ ၆ ဦးကို ဆေးရုံတင်ပို့ ကုသထားတယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။
ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသူပုန်တွေ သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ အစိုးရတပ်တွေနဲ့ ခွဲထွက်ရေးတွေကြား အပစ်အခတ်ရပ်စဲရေး သဘောတူထားကြပေမယ့် နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုတွေက ကြိုးကြားကြိုးကြား ဖြစ်ပွားနေတာပါ။
သြဂုတ် ၁၇ ရက်နေ့မှာ ယူကရိန်းအစိုးရတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေါ့ညက်စ်မြို့ပြင်မှာ အရပ်သား ၂ ဦး၊ ဒေါ့ညက်စ်မြို့အရှေ့ဘက်က ဟော်လီဖ်ကာ (Horlivka) မြို့မှာ အရပ်သား ၃ ဦး သေဆုံးတယ်လို့ ခွဲထွက်ရေးအဖွဲ့ရဲ့ အင်တာနက်ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။
၂၀၁၄ ဧပြီလက ယူကရိန်းပိုင် ကရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းအရှေ့ပိုင်း ပြည်တွင်းစစ်မှာ လူပေါင်း ၆၅၀၀ ကျော် သေဆုံးခဲ့ကြပါတယ်။
---------------------------------------
251 / End