၈ စက်တင်ဘာ ၂၀၁၅ - ၁၁:၂၄
နေအိမ်မီးတင်ရှို့ခံရမှုကြောင့် ဒဏ်ရာရခဲ့သည့် ပါလက်စတိုင်း အမျိုးသမီး သေဆုံး

အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လက ဂျူးအစွန်းရောက်တွေ နေအိမ်မီးတင်ရှို့ခဲ့လို့ အပြင်းအထန် ဒဏ်ရာရခဲ့တဲ့ ပါလက်စတိုင်း အမျိုးသမီးဟာ စက်တင်ဘာ ၇ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့ အသက် ၁၈ လသားအရွယ် သားတဦးနဲ့ ခင်ပွန်းဖြစ်သူတို့ကတော့ သူ့တို့အိမ် မီးရှို့ခံရပြီး ၁ ပတ်အတွင်းမှာပဲ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ကြတာပါ။ သူလည်း ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်းမှာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး အစ္စရေးဆေးရုံတရုံမှာ ဆေးကုသမှု ခံယူခဲ့ရတာပါ။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လက ဂျူးအစွန်းရောက်တွေ နေအိမ်မီးတင်ရှို့ခဲ့လို့ အပြင်းအထန် ဒဏ်ရာရခဲ့တဲ့ ပါလက်စတိုင်း အမျိုးသမီးဟာ စက်တင်ဘာ ၇ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။

သူ့ရဲ့ အသက် ၁၈ လသားအရွယ် သားတဦးနဲ့ ခင်ပွန်းဖြစ်သူတို့ကတော့ သူ့တို့အိမ် မီးရှို့ခံရပြီး ၁ ပတ်အတွင်းမှာပဲ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ကြတာပါ။

သူလည်း ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်းမှာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး အစ္စရေးဆေးရုံတရုံမှာ ဆေးကုသမှု ခံယူခဲ့ရတာပါ။

အိမ်မီးရှို့သူတွေဟာ အုတ်နံရံတခုမှာ “လက်စားချေတယ်” လို့ ဟီဘရူးဘာသာစကားနဲ့ ရေးသားခဲ့တဲ့အတွက် အခြေချနေထိုင်သူ ဂျူးအစွန်းရောက်တွေ ဖြစ်တယ်လို့ ပါလက်စတိုင်းတွေက စွပ်စွဲထားကြပါတယ်။

အခုလို ပါလက်စတိုင်းနေအိမ် မီးရှို့တိုက်ခိုက်မှုကို ကမ္ဘာတ၀န်းက အပြင်းအထန် ပြစ်တင်ရှုတ်ချခဲ့ကြတာပါ။

တိုက်ခိုက်သူတွေကိုလည်း လက်ရှိအချိန်အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

မီးရှို့ခံရတဲ့ ပါလက်စတိုင်း မိသားစုဝင် ၄ ဦးမှာ အခုတော့ ၃ ဦး သေဆုံးသွားပြီဖြစ်ပြီး သားတဦးကတော့ အစ္စရေးဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။

အစ္စရေးအစိုးရကတော့ ဒီအိမ်မီးရှို့သူတွေဟာ ဂျူးအခြေချနေထိုင်သူတွေ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေပြီး အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဒီတိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချခဲ့ပြီး မီးရှို့သူတွေကို စုံစမ်းဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူမယ်လို့ ပြောဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုအပြီး ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်တဲ့ အစွန်းရောက် ဂျူးတွေကို စုံစမ်းဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူရေး အစီအစဉ်တွေလည်း ချမှတ်ခဲ့ပါတယ်။

ပါလက်စတိုင်းနေအိမ် မီးရှို့မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် တိုက်ရိုက်ပတ်သက်သူ တဦးမှတော့ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။
---------------------------------------

251 / End