အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ထိုင်ဝမ်ကနေ တင်သွင်းနေတဲ့ အ၀တ်အထည်တွေအပေါ် အခွန်စည်းကြပ်မှု လျှော့ပေါ့ ပေးနိုင်ဖို့ မြန်မာအစိုးရအနေနဲ့
စဉ်းစားပေးသွားမယ်လို့ ထိုင်ဝမ်စီးပွားရေးဝန်ကြီး ဌာနထုတ်ပြန်ချက်ကို ကိုးကားပြီး ဖိုးကပ်စ်ထိုင်ဝမ်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်ဝမ်စီးပွားရေးဝန်ကြီးဌာန၊ နိုင်ငံတကာကုန်သွယ်မှုအဖွဲ့ခေါင်းဆောင် ယန်း ကျန်းနိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ
အရှေ့တောင်အာရှစီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ စက်တင်ဘာလ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ မြန်မာနိုင်ငံမှာ
တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံမှုအပြီးမှာ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး ထိုင်ဝမ်လုပ်အ၀တ်အထည်
သွင်းကုန်တွေအပေါ် မြန်မာနိုင်ငံအနေနဲ့ အခွန်စည်းကြပ်မှု လျှော့ပေါ့ပေးဖို့ လုပ်ဆောင်သွားမယ်လို့ ထိုင်ဝမ်စီး ပွားရေးဝန်ကြီးဌာနက ပြောပါတယ်။
လက်ရှိမှာတော့ ထိုင်ဝမ်အ၀တ်အထည်တွေကို မြန်မာနိုင်ငံတွင်း တင်သွင်းနေတဲ့ သွင်းကုန်လုပ်ငန်းရှင်တွေဟာ သွင်းကုန်အခွန်
၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထိပေး ဆောင်နေကြရတာပါ။
ထိုင်ဝမ်အ၀တ်အထည်တွေဟာ မြန်မာနိုင်ငံကိုတင်ပို့တဲ့ အရေးပါတဲ့ ကုန်စည်အ မယ်တွေထဲက တခုဖြစ်ပြီး နိုင်ငံပြင်ပ
အရောင်းပမာဏစုစုပေါင်းရဲ့ ၁၄ ရာခိုင်နှုန်း၊ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၂ မီလီယံရှိတယ်လို့ ထိုင်ဝမ်စီးပွားရေးဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်ဝမ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ စိုက်ပျိုးရေးစက်ကိရိယာ၊ စိုက်ပျိုးသီးနှံနဲ့ ဆန်စပါး မျိုးစေ့ ပို့ကုန်ဈေးကွက်ဆိုင်ရာ အကျိုးတူပူးပေါင်းလုပ်ဆောင်မှုတွေ
ဆက်လုပ်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလက ထိုင်ဝမ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ဖြိုးရေး ကောင်စီရုံး(TAITRA) ကို ရန်ကုန်မြို့မှာဖွင့်လှစ်ခဲ့ပြီး
မြန်မာအစိုးရနဲ့ပူးပေါင်းကာ ကုန်စည်ပြပွဲတွေ၊ စီးပွားရေးဖိုရမ်တွေနဲ့ တခြားကုန်သွယ်မှုဆိုင်ရာကဏ္ဍတွေမှာ ပူး ပေါင်းမြှင့်တင်မှုတွေ
လုပ်ဆောင်သွားနိုင်မှာဖြစ်တယ်လို့ ထိုင်ဝမ်စီးပွားရေးဝန်ကြီးဌာနက ပြောပါတယ်။
---------------------------------------
251 / End