၁၆ စက်တင်ဘာ ၂၀၁၅ - ၁၁:၀၈
ရုတ်တရက် မိုးရွာသွန်းသဖြင့် ရန်ကုန်မြို့လယ်ရေလျှံ

ရုတ်တရက်မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့လယ်တွင် ရေကြီးရေလျှံနေစဉ် ရန်ကုန်မြို့၌ စက်တင် ဘာ ၁၅ ရက် နေ့လယ်တွင် ရုတ် တရက်နေရာကွက်ကျား မိုးသည်း ထန်စွာ ရွာသွန်းခဲ့မှုကြောင့် လ သာမြို့နယ်နှင့် ပန်းဘဲတန်းမြို့ နယ် အနီးတစ်ဝိုက်၌ ရေကြီးရေ လျှံမှုဖြစ်ပွားခဲ့ကြောင်း သတင်းရ ရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ရုတ်တရက်မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့လယ်တွင် ရေကြီးရေလျှံနေစဉ်

ရန်ကုန်မြို့၌  စက်တင် ဘာ ၁၅ ရက် နေ့လယ်တွင် ရုတ် တရက်နေရာကွက်ကျား မိုးသည်း ထန်စွာ ရွာသွန်းခဲ့မှုကြောင့် လ သာမြို့နယ်နှင့် ပန်းဘဲတန်းမြို့ နယ် အနီးတစ်ဝိုက်၌ ရေကြီးရေ လျှံမှုဖြစ်ပွားခဲ့ကြောင်း သတင်းရ ရှိသည်။


နေ့လယ် ၁ နာရီကျော်တွင် စတင်ရွာသွန်းသည့် မိုးသည် နာရီ ဝက်ခန့်ကြာပြီးချိန်၌ လသာမြို့ နယ်ရှိ ဗန္ဓုလလမ်းနှင့် လသာ လမ်းမပေါ်၌ ရေအမြင့် ၂ ပေ ခန့်ထိ မြင့်တက်လာခဲ့ခြင်းကြောင့် ပတ်ဝန်းကျင်မှ ဈေးဆိုင်များ ပိတ်သိမ်းခဲ့သည်။

ထို့ပြင် လသာလမ်းတစ် လျှောက်ရှိ အနော်ရထာလမ်း၊ ဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းတို့ တွင် ရေလျှံနေမှုကြောင့် ယာဉ် ကြောကျပ်တည်းမှုဖြစ်ကာ အ ချိန်တစ်နာရီခန့် ယင်းလမ်းတွင် ယာဉ်ကြောပိတ်ခဲ့ကြောင်း လ သာလမ်း၌ အကင်ဆိုင်ဖွင့်လှစ် ရောင်းချသူတစ်ဦးက  ပြောသည်။

 ‘‘မိုးက ရုတ်တရက်ကြီး တော်တော်သည်းသည်းရွာချလာ တာ။ ရေအရမ်းပါတော့ ချက်ချင်း ပဲ လမ်းပေါ် ရေကြီးသွားတယ်။ ကားတွေလည်း အကုန်ပိတ် တယ်။ ဆိုင်တွေလည်း အကုန် ပိတ်လိုက်ရတယ်။ ဒါတောင် မိုး က တစ်နာရီလောက်ပဲ ရွာလိုက် လို့။ တရစပ်ရွာရင် ရန်ကုန်မြို့ ကြီးမလွယ်ဘူး’’ဟု ၎င်းက ပြော သည်။

အဆိုပါနေ့က လမ်းမတော်၊ လသာနှင့် ပန်းဘဲတန်းမြို့နယ်များ ရှိ လမ်းမကြီးများဖြစ်သည့် လ သာ၊ ဗိုလ်ဆွန်ပတ်၊ ဘုန်းကြီးလမ်းနှင့် ရွှေဘုံသာလမ်းတို့အပြင် အချို့ လမ်းများတွင်ပါ ရေကြီးမှုများဖြစ်ပေါ်ခဲ့သည်။

ယခုလထဲ၌ ဘင်္ဂလားပင် လယ်အော်တွင် မုန်တိုင်းတစ်လုံး ဖြစ်လာနိုင်သည့်အခြေအနေနှင့် တောင်တရုတ်ပင်လယ်မှ အပူ ပိုင်း မုန်တိုင်းငယ်၏အရှိန်ကြောင့် မြန်မာနိုင်ငံ နေရာဒေသအချို့ တွင် နေရာကွက်၍ မိုးကြီးနိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဦးကျော်မိုးဦးက သတိပေးထားခဲ့သည်။

---------------------------------------
251 / End