၂၅ စက်တင်ဘာ ၂၀၁၅ - ၀၁:၂၀
((ဇာရီယွန်(န))) ذّاریٌ ဂုဏ်တော် ၏ အဓိပ္ပာယ် နှင့် ၎င်း၏ အစွမ်း

ဂုဏ်တော် ၏ အဓိပ္ပာယ် နှင့် ၎င်း၏ အစွမ်း သတ္တိတော်အား အကျဉ်းဖော်ပြလိုက်ပါသည်။


((ဇာရီယွန်(န))) ذّاریٌ
ဂုဏ်တော် ၏ အဓိပ္ပာယ် နှင့် ၎င်း၏ အစွမ်း သတ္တိတော်အား အကျဉ်းဖော်ပြလိုက်ပါသည်။
အဓိပ္ပာယ် - ဖန်ဆင်းတော်မူ သည့် အရှင် ၊ခန့်အပ် တော်မူသည့် အရှင် ၊ထင်ရှားစေတော်မူသည့်အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း -  ذّرأ အသွင်ဖြစ် ၂ကြိမ်လာရှိပါသည်။
စွမ်းရည် သတ္တိတော်များ
၁။ ပျောက်နေသူ (သို့) သတင်းမရှိသူ (သို့) ပျောက် နေ သည့်ပစ္စည်း တစ်ခုခု နှင့်ပတ်သက်ပြီး သတင်းရ ရှိရန် ညဥ့်တစ်ဝက်
 (နမာဇ်ဖဂ်ျအချိန် နှင့်မဂ်ရိဘ် အချိန် တို့အကွာအဝေးတစ်ဝက် ) ထပြီး မိမိနေအိမ် ၏ အခန်းထောင့် တစ်နေရာတွင် မတ်တပ်ရပ်ပြီး
 အကြိမ် ၇၀ (ယာဇာရီအို ယာမိုအီဒို ရွတ်ဒ်ဒါ အလိုင်း ယဖိုလန်) (یاذاریء یا معید ردّ علّی فلانا ) (ဖိုလန်) ဆိုသည့်
 နေရာတွင်လူ(သို့) ပစ္စည်း အမည်)ကိုထည့် ပြီးဖတ်ရွတ်ပါ ။ အင်ရှာအလ္လာဟ်ဖတ်ပြီး တစ်ပတ် အတွင်း သတင်း ရလာ ပါလိမ့်မည်။
၂။  သတင်းမရှိသည့် ကိစ္စအတွက် သတင်းအမြန် ရောက်လာစေရန် အတွက် ဤဂုဏ်တော်အား ၉၁၁ ကြိမ် ဖတ်ရွတ်ရပါမည်။

***