((ရအူဖွန်(န))) رّؤوفٌ
ဂုဏ်တော် ၏ အဓိပ္ပာယ် နှင့် ၎င်း၏ အစွမ်း သတ္တိတော်အား အကျဉ်းဖော်ပြလိုက်ပါသည်။
အဓိပ္ပာယ် - အလွန်တရာသနားကြင်နာတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ မည်သူမဆို ဤဂုဏ်တော်အား များများ ဖတ်ရွတ် မည်ဆိုလျှင် အခက်အခဲ၊စိတ်နှလုံးညစ်ပေမှု
မှလွတ် မြောက် မည် ဖြစ်ပါသည်။
၂။ ဤဂုဏ်တော်အား အမြောက်အများ ဖတ်ရွတ် ခြင်းဖြင့် ကြောက်လန့်မှု မှန်သမျှ မှ လုံခြုံမည်
ဖြစ် ပါသည်။
၃။ ကိုယ်တော်မြတ်(ဆွ) သည် အခက်အခဲ အကြပ် တည်းနှင့် ရင်ဆိုင်ရ ချိန်တွင် (ယာရအူဖို) နှင့် (ယာရဟီးမို)
ဂုဏ်တော်အား အလွန်တရာ ဖတ်ရွတ် လေ၏။
၎။ လိုအင်ဆန္ဒပြည့်ဝ စေရန် ၊ အန္တရာယ် ပေးနိုင် သည့်အရာများ ၏ အန္တရာယ် မှ လွတ်မြောက် စေရန်
(ယာရအူဖို) နှင့် (ယာရဟီးမို) ဂုဏ်တော်အား ၅၄၄ ကြိမ် ရွတ်ဆိုရပါမည်။
***