၅ အောက်တိုဘာ ၂၀၁၅ - ၀၈:၄၄
မုန်တိုင်းတိုက်ခတ်ပြီးနောက် ပြင်သစ်တွင် ရေကြီးစဉ် လူ ၁၀ ဦးသေဆုံး

ပြင်သစ်နိုင်ငံ အရှေ့တောင် ပိုင်းတွင် မုန်တိုင်များ ပြင်းထန် စွာ တိုက်ခတ်ကာ ရေကြီးရေလျှံ မှုကြောင့် လူ ၁၀ ဦးထက် မနည်း သေဆုံးပြီး လူခြောက်ဦး ပျောက် ဆုံးနေကြောင်း အရာရှိများက ပြောသည်။ အန်တီဘိစ်မြို့တွင် ပင်စင် စား အမှုထမ်းနေအိမ် ရေနစ်မြုပ် မှုအတွင်း သက်ကြီးရွယ်အို သုံး ဦးသေဆုံးခဲ့သည်။ နောက်ထပ် လူငါးဦးသည် အမိုးအကာ တစ်ခုအောက်တွင် ကားရပ်ရန် ကြိုးပမ်းရင်း ပိတ်မိသေဆုံးခဲ့ကြောင်း သိရသည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာရ

 ပြင်သစ်နိုင်ငံ အရှေ့တောင် ပိုင်းတွင် မုန်တိုင်များ ပြင်းထန် စွာ တိုက်ခတ်ကာ ရေကြီးရေလျှံ မှုကြောင့် လူ ၁၀ ဦးထက် မနည်း သေဆုံးပြီး လူခြောက်ဦး ပျောက် ဆုံးနေကြောင်း အရာရှိများက ပြောသည်။

အန်တီဘိစ်မြို့တွင် ပင်စင် စား အမှုထမ်းနေအိမ် ရေနစ်မြုပ် မှုအတွင်း သက်ကြီးရွယ်အို သုံး ဦးသေဆုံးခဲ့သည်။


နောက်ထပ် လူငါးဦးသည် အမိုးအကာ တစ်ခုအောက်တွင် ကားရပ်ရန် ကြိုးပမ်းရင်း ပိတ်မိသေဆုံးခဲ့ကြောင်း သိရသည်။

ပြင်သစ်သမ္မတ ဟော်လန်ဒီ က ကယ်ဆယ်ရေးသမားများကို ကျေးဇူးတင်ကြောင်း ပြောကြား ပြီး ရေလွှမ်းမိုးရာ ဒေသများသို့ ၎င်းနှင့် ပြည်ထဲရေးဝန်ကြီး ဘား နက်ကာဇန်နျူတို့ သွားရောက် မည်ဖြစ်သည်။

ရေလွှမ်းမိုးမှု အဆိုးရွားဆုံး ဒေသများသို့ မရောက်ရှိနိုင်သေး သဖြင့် သေဆုံးသူအရေအတွက် ပိုများလာမည်ကို အာဏာပိုင်များ  စိုးရိမ်နေကြသည်။

မြေထဲပင်လယ်ကမ်းရိုး တန်း ပေါ်တွင် အီတလီနိုင်ငံနှင့် နယ် စပ်ချင်းစပ်နေသော ဖရန့်စ်ရီမီ ယာရာဒေသတွင် မိုးသည်းထန် စွာ ရွာသွန်းမှုကြောင့် အဓိက ထိခိုက်ခဲ့သည်။

နိုက်စ်မြို့တွင် ယင်းမြို့၏ နှစ်စဉ် မိုးရေချိန်စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကို နှစ်ရက်အတွင်း ကြုံ တွေ့ခဲ့ရသည့် ဂရာဂူးမြစ်ရေမှာ မြစ်ကမ်းပါးပေါ် ကျော်သွားသ ဖြင့် အနီးအနားမြို့များသို့ ရေ လွှမ်းမိုးသွားခဲ့သည်။

ကားအချို့ ရေစီးနှင့် မျောပါ ပြီး ပင်လယ်ထဲရောက်သွားသည် ဟု ကိန်းစ်မြို့ မြို့တော်ဝန် ဒါဗစ် လစ်နာ့ဒ်က ပြောကြားပြီး လူ ပေါင်းများစွာကို ကယ်တင်ခဲ့ ကြောင်းနှင့် လုယက်မှုဖြစ်နိုင်သ ဖြင့် သတိထားရမည်ဟု ပြော ကြားသည်။

ယင်းကဲ့သို့ ရေကြီးနေစဉ် ရထားလမ်း၊ ကားလမ်းများ ပိတ် နေပြီး နိုက်စ်မြို့ လေဆိပ်တွင် ခရီးသည်ရာပေါင်းများစွာ ခိုလှုံခဲ့ရ ကြောင်း သိရသည်။

လူနေအိမ်ပေါင်း ၂၇,၀၀၀ ခန့်မှာ လျှပ်စစ်မီးမရဘဲ ဖြစ်နေ ကြောင်း သိရသည်။
---------------------------------------
251 / End