၁၄ အောက်တိုဘာ ၂၀၁၅ - ၀၁:၁၁
ရွေးကောက်ပွဲရက် မသေချာသော်လည်း ဒေါ်အောင်ဆန်းစုကြည် ဆက်လက်မဲဆွယ်စည်းရုံးမည်

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် သင့်၊ မသင့်ပါတီများ အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူဆွေးနွေးနေ သော်လည်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် ဒေါ်အောင်ဆန်း စုကြည်၏ မဲဆွယ်စည်းရုံးရေးခရီး စဉ်များကို ရွှေ့ဆိုင်းသွားမည် မဟုတ်ကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်း ဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန် က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် သင့်၊ မသင့်ပါတီများ အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူဆွေးနွေးနေ သော်လည်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် ဒေါ်အောင်ဆန်း စုကြည်၏ မဲဆွယ်စည်းရုံးရေးခရီး စဉ်များကို ရွှေ့ဆိုင်းသွားမည် မဟုတ်ကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်း ဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန် က ပြောသည်။

မကြာမီရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးများသို့ မဲဆွယ်စည်းရုံး ရေးခရီးစဉ်အဖြစ် သွားရောက်ရန် ရှိပြီး ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာ ၁၆ ရက်တွင် တောင်ကုတ်မြို့၊ အောက်တိုဘာ ၁၇ ရက်တွင် သံတွဲမြို့နှင့် အောက် တိုဘာ ၁၈ ရက်တွင် ဂွမြို့တို့၌ မဲဆွယ်စည်းရုံးဟောပြောမှုများ ပြုလုပ်မည်ဖြစ်သည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်း ပမည့် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် သင့်၊ မသင့်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး တင်အေးက နိုင်ငံရေးပါတီများ အား ခေါ်ယူကာ အောက်တိုဘာ ၁၃ ရက် နံနက်က တွေ့ဆုံဆွေး နွေးခဲ့သည်။မဲဆွယ်စည်းရုံးရေးအရှိန် မြင့်တက်လာသည်နှင့်အမျှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် လူထုထောက်ခံမှုများလာသောကြောင့် လာမည့်ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေမျိုးကျော်က ဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

---------------------------------------
251 / End