၂၁ အောက်တိုဘာ ၂၀၁၅ - ၂၀:၀၉
   အာယာသွလ္လာဟ် ရဖ်ဇန်ဂျာနီ ဖက်မှ မီနာ အဖြစ်ဆိုး ၏ အဖြစ်မှန် ကို ဖော်ထုတ်ရန် တိုက်တွန်း

အီရန် နိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေ သတ်မှတ်ရေးကောင်စီ ဥက္ကဋ္ဌ အာယာသွလ္လာဟ် ရဖ်ဇန်ဂျာနီ ဖက်မှ မီနာ အဖြစ်ဆိုး ၏ အဖြစ်မှန် ကို ဖော်ထုတ်ရန် တိုက်တွန်း မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အီရန် နိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေ သတ်မှတ်ရေးကောင်စီ ဥက္ကဋ္ဌ အာယာသွလ္လာဟ် ရဖ်ဇန်ဂျာနီ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သတ်မှတ်ရေးကောင်စီ အစည်းအဝေးတွင် တက်ရောက်သူ အဖွဲ့ဝင်များကို ဟဂ်ျတာဝန်ကို ထမ်းဆောင်နေစဉ် မီနာ ၌ထောင်ပေါင်းများစွာ ရှဟီးဒ်ဖြစ် သွားရသည့် ကိစ္စ နှင့် ပတ်သက်ပြီး မိန့်ကြားမူပြုခဲ့ပါတယ်။ ဤအဖြစ်ဆိုးကိစ္စ နှင့်ပတ်သက်ပြီး တစ်ချို့ အချက်တွေ ဟာ မပြတ်သားမရှင်းလင်းတာရှိနေတဲ့အတွက် ပြတ်သား ရှင်းလင်းဖို့ လိုအပ်ကြောင်း မိန့် ကြားခဲ့ပါတယ် ။

အာယာသွလ္လာဟ် ရဖ်ဇန်ဂျာနီ အနေဖြင့် မီနာ အဖြစ်ဆိုး ကဲ့သို့ အဖြစ်ဆိုး ထပ်၍ မဖြစ်စေရန် နှင့် ဟာဂျီများ အတွက် လုံခြုံ စိတ်ချမှု အတွက် အရေး ကြီး ကြောင်း တိုက်တွန်း ပြောကြားခဲ့ပါတယ် ။ စက်တင်ဘာလ ၂၄ ရက်နေ့ ကုရ်ဘာနီ အီးဒ်နေ့တွင် ဆော်ဒီ အစိုးရ ၏ ညံ့ဖျင်း ပေါ့ဆ မှုကြောင့် အီရန် နိုင်ငံသား ဟာဂျီ ၄၆၅ ဦးနှင့် အခြားနိုင်ငံမှ ထောင်ပေါင်းများစွာ သော ဟာဂျီများ အသက် စတေးခဲ့ရကြောင်း မိန့် ကြားခဲ့ပါတယ်။

-----------

251 / End